ဆက်သွယ်ရေးဥပဒေကိုပြဌာန်းပြီးမှသာ ဆက်လက်ဆောင်ရွက်ရန်ပြည်ထောင်စု
အစိုးရကိုတိုက်တွန်းကြောင်း တနိုင်းမဲဆန္ဒနယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်
ဦးမျိုဆွေ က အရေးကြီး အဆို အဖြစ် တင်သွင်းခြင်းကို
ယနေ.နေပြည်တော်တွင်ကျင်းပနေသော
ပထမအကြိမ်ပြည်သူလွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး
တွင် ဆက်သွယ်ရေးနှင့် နည်းပညာ ပြည်ထောင်စု ၀န်ကြီး ဦးမြတ်ဟိန်း
ကလာရောက် ရှင်းလင်းဆွေးနွေး သည်။
ပြည်ထောင်စု ၀န်ကြီး က ဆွေးနွေးရာတွင် ဆက်သွယ်ရေး အော်ပရေတာ
တင်ဒါအောင်သော ကုမ္မဏီ မျုားကို လွှတ်တော်တွင် ဆွေးနွေး ဆဲ ဖြစ်သော
ဆက်သွယ်ရေးဥပဒေ အတည်ပြု ပြီးပါက ထိုအတိုင်း လိုက်နာ ရန် သဘောတူညီ
မှုယူထားပြီးဖြစ်ကြောင်း တင်ဒါရွှေး ချယ်ရေး တွင်လည်း
နိုင်ငံတကာ အကြံပေး အဖွဲ့ နှင့် ကော်မတီ ဖွဲ့ ၍ ဥပဒေ နှင့် အညီ
ဝန်ကြီးဌာန မှ စွက်ဖက် မှုမရှိပဲ ဆောင် ရွက်ခဲ့ကြောင်း နိုင်ငံတကာ နှင့်
ဆက်သွယ်ဆောင်ရွက် ခြင်း ကြောင့် နိုင်ငံ၏ ဂုဏ်သိက္ခာ အတွက် စဉ်းစားပေးပါရန်
ဆွေးနွေးတင်ပြခဲ့သည်။
ပုသိမ်မြို့ နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဥပဒေ နှင့်
အညီ ဆောင်ရွက်ခြင်းရှိမရှိ မေးမြန်းခဲ့ရာ ပြည်ထောင်စု ၀န်ကြီး
ဦးမြတ်ဟိန်းက ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့သည်။ ဒဂုံ မြို့ သစ်( မြောက် ပိုင်း)
ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက တိုင်းပြည်၏
ဂုဏ်သိက္ခာအတွက် အရှက် မကွဲ စေရန် မူရင်းသတ်မှတ်ထားသည့် အတိုင်း ဆက်သွယ်ရေး
အော်ပရေတာ တင်ဒါအောင် ကုမ္မဏီ မျုားကို ကြေညာရန်
ဆွေးနွေးခဲ့သည်။
ပြည်ပကုမ္မဏီ များကို ဆက်သွယ်ရေး အော်ပရေတာ ပေးခြင်းကို
ဆက်သွယ်ရေးဥပဒေ ကိုပြဌာန်းပြီးမှသာ ဆက်လက်ဆောင်ရွက်ရန်ပြည်ထောင်စု
အစိုးရကိုတိုက်တွန်းကြောင်း အဆို တင်သွင်းခဲ့ သည့်ပြည်သူလွှတ်တော်
ပိုဆောင်ရေး၊ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ကော်မတီက လည်း ပြည်ထောင်စု
ဝန်ကြီး ၏ ဆွေးနွေးရှင်းလင်း မှု ကြောင့်
မူလ အတိုင်း ဆောင်ရွက် သင့်ကြောင်း ဆွေးနွေး ခဲ့သည်။ လွှတ်တော် ကလည်း
ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာန ၏ဆောင်ရွက် မှု ကို စောင့်ကြည်ရန်
မှတ်တမ်း တင်ခဲ့သည်။
Popular Myanmar News Journal