Headlines News :
Home » » မြန်မာ့အပြောင်းအလဲ နယူးဇီလန် အသိအမှတ်ပြုပြီး သံရုံးသစ် ဖွင့်လှစ်

မြန်မာ့အပြောင်းအလဲ နယူးဇီလန် အသိအမှတ်ပြုပြီး သံရုံးသစ် ဖွင့်လှစ်

Written By လွင့်မောင်မောင် on Friday, September 20, 2013 | 4:40 PM

president-trip-newzeland-305.jpg
မြန်မာသမ္မတ ဦးသိန်းစိန်ကို နယူးဇီလန် ဘုရင်ခံချုပ် Lt Gen the Rt Hon Sir Jerry Mateparae က ကြိုဆိုခဲ့စဉ်
photo: President Office Website

မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲတာတွေကို အသိမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး နယူးဇီလန် အစိုးရသံရုံးကို ဖွင့်လှစ်လိုက်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး Murray McCully က ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံက နိုင်ငံရေး စီးပွားရေး ဆောင်ရွက်ချက်တွေမှာ တိုးတက်မှုတွေ ရှိခဲ့တာကို တုံ့ပြန်ဆောင်ရွက်တဲ့အနေနဲ့ သံရုံးဖွင့်လှစ် တာဖြစ်ကြောင်း၊ နယူးဇီလန်အနေနဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးရေး အကူအညီတွေကို တိုးမြင့်ပေးအပ်ခဲ့ပြီး နို့ထွက်ပစ္စည်း လုပ်ငန်းနဲ့ နည်းပညာအထောက်အကူတွေ ပေးအပ် ခဲ့ကြောင်း Mr. McCully က မနေ့က ပြောပါတယ်။
Mr. McCully ဟာ မနှစ်က မြန်မာနိုင်ငံကို အလည်အပတ် လာရောက်ခဲ့သူတစ်ဦးဖြစ်ပြီး အဲဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပါတယ်။
အခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံကို နယူးဇီလန်နိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းပမာဏဟာ အမေရိကန်ဒေါ်လာ ၁၉ သန်းနီးပါးရှိခဲ့တယ်လို့ သိရပါတယ်။
RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template