ငြိမ်းချမ်းရေး လမ်းလျှောက် ချီတက်ပွဲ ကျင်းပ
|
ဓါတ်ပုံ-အောင်နိင်စိုး(ကစ္ဆပ)
|
ရန်ကုန်-စက်တင်ဘာ၂၁
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ပြည်သူ့လှုပ်ရှားမှု ပွဲတော်ကို နံနက်
၉ နာရီတွင် ပြည်သူ့ ရင်ပြင်တွင် ကျင်းပခဲ့ပြီး ငြိမ်းချမ်းရေး လမ်းလျှောက်
ချီတက်ပွဲကို နေ့လယ် ၁၂ နာရီမှ စတင်၍ မြို့တော်ခန်းမရှေ့မှ
ပြည်သူ့ရင်ပြင်သို့ လမ်းလျှောက်ခဲ့ကြသည်။
|
ဓါတ်ပုံ-အောင်နိင်စိုး(ကစ္ဆပ)
|
အဆိုပါ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို
လူအင်အား ၇၀၀ ခန့် ချီတက်ခဲ့ကြရာ အရပ်ဖွဲ့ လူ့အဖွဲ့အစည်းများ
ပါဝင်ခဲ့ကြပြီး ပြည်သူ့ရင်ပြင် တေးဂီတ ဖျော်ဖြေပွဲများ
ငြိမ်းချမ်းရေးဆိုင်ရာ ပန်းချီပြပွဲ၊ ကာတွန်းပြပွဲများ ပြုလုပ်ခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးပွဲတော်ကို ရန်ကုန်မြို့တွင် ကျင်းပသကဲ့သို့မြစ်ကြီးနားမြို့နှင့်မန္တလေးတို့တွင်လည်း
ကျင်းပခဲ့ပြီး တောင်ကြီးမြို့များတွင် တိုင်းရင်းသားများ ငြိမ်းချမ်းရေး
ဆွေးနွေးနေကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုဋ္ဌေးကြွယ်က
ပြောသည်။
ငြိမ်းချမ်းရေားလှုပ်ရှားသူများက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
Popular Myanmar News Journal