Headlines News :
Home » » ကော့သောင်းအကျဉ်းထောင် ရုန်းရင်းဆန်ခတ် နှိမ်နင်းမှု ၁ ဦးသေ၊ ၇ ဦး ဒဏ်ရာရ

ကော့သောင်းအကျဉ်းထောင် ရုန်းရင်းဆန်ခတ် နှိမ်နင်းမှု ၁ ဦးသေ၊ ၇ ဦး ဒဏ်ရာရ

Written By လွင့်မောင်မောင် on Sunday, September 15, 2013 | 10:38 AM

ကော့သောင်းမြို့ က အကျဉ်းထောင်မှာ အကျဉ်းသားတွေ ထောင်ဖောက်ထွက်ပြေးခဲ့တာကြောင့် လုံခြုံရေးက ပစ်ခတ်ထိန်းသိမ်းရာမှာ အကျဉ်းသား ၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
မနေ့က ညနေ ၆ နာရီလောက်မှာ ကော့သောင်းအကျဉ်းထောင်ထဲမှာ ထောင်အာဏာပိုင်တွေနဲ့ အကျဉ်းသားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထောင်ဖေါက်ထွက်ပြေးကြတဲ့အထိ ဖြစ်ခဲ့တာလို့ မြို့ခံတစ်ဦးက RFAကို ပြောပါတယ်။
သေနတ်ဒဏ်ရာနဲ့ ဆေးရုံရောက်လာတယ်ပေါ့၊ ၈ ယောက်မှာ ၁ ယောက်သေသွားတယ်၊ ၇ ယောက်ဒဏ်ရာရတယ်၊ ကော့သောင်းဆေးရုံကြီးမှာ တင်ထားတယ်၊ ၁ ယောက်ကတော့ အောက်ဆီဂျင် ပေးထားရတယ်လို့ ပြောတယ်ခင်ဗျ”

ဒဏ်ရာရသူတွေကို ကော့သောင်းမြို့ ဆေးရုံမှာတင်ထားရကြောင်းလည်း သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကော့သောင်းမြို့ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ငြင်းဆန်ပါတယ်။
RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template