Headlines News :
Home » » ယနေ့သတင်းဌာနအသီးအသီးမှ သတင်းစုံ

ယနေ့သတင်းဌာနအသီးအသီးမှ သတင်းစုံ

Written By လွင့်မောင်မောင် on Tuesday, September 17, 2013 | 12:04 AM

အမေရိကန်ရေတပ်စခန်း ပစ်ခတ်မှုကြောင့် လူသေဆုံးမှုရှိ

noreply@voanews.com (ဗွီအိုအေ (မြန်မာပိုင်း)) at Voice of America - 9 minutes ago
ဝါရှင်တန်ဒီစီမြို့တော် အရှေ့တောင်ဘက်ခြမ်းက အမေရိကန်ရေတပ်ဌာနချုပ် စခန်းတစ်ခုမှာ ဒီကနေ့မနက်အစောပိုင်းက သေနတ်သမားတစ်ဦးက ပစ်ခတ်တာကြောင့် လူအများအပြား ဒဏ်ရာရပြီး ၁ ဦးထက်မနည်း သေဆုံးသွားပြီလို့ အမေရိကန်စစ်ဘက် တာဝန်ရှိသူတွေကပြောပါတယ်။ ဒဏ်ရာရသူအရေအတွက်ကို အတိအကျ မသိရသေးဘဲ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရထားတယ်လို့ CNN၊ NBC စတဲ့ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်သံသတင်းဌာနတွေက ပြောနေသလို၊ သေဆုံးသူ ဒီထက်များနိုင်တယ်ဆိုပြီးတော့ လည်း ပြောနေတာတွေရှိပါတယ်။ CNN ရဲ့ တိုက်ရိုက်ထုတ်လွှင့်ချက်တစ်ခုမှာတော့ ... more »

ရွှေဝါရောင် တော်လှန်ရေး ၆ နှစ်ပြည့် ဖိတ်ကြားခြင်း

zarny win at The Irrawaddy's Blog - 28 minutes ago
~ နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေး ၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန် ကြည့်မြင်တိုင်မှာ ကျင်းပမယ်လို့ သိရပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့ (၁၈ ရက်နေ့) မနက် ၁၁ ကနေ နေ့ခင်း ၂ နာရီအထိ ကြည့်မြင်တိုင်၊ နတ်စင်လမ်း သာဓုကျောင်းတိုက်၊ ဆရာတော်ကြီးကျောင်းမှာ ကျင်းပမယ်လို့ ဆိုပါတယ်။ ကျင်းပခြင်း ရည်ရွယ်ချက် ၄ ခု ထဲမှာ ပထမ ရည်ရွယ်ချက်ကတော့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ မဖြစ်ပေါ်ရေး ဖြစ်ကြောင်း ဖိတ်စာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ‘I am ready to be hanged’ for Saffron Revolution Crackdown: Rangoon Chief Ministerhttp://www.irrawaddy.org/archives/43896 မမေ့အပ်သည့် ရွှေဝါရောင်လှုပ်ရှားမှု ... more »

ဆီးရီးယားဓာတုလက်နက် တိုက်ခိုက်မှု ခိုင်လုံတဲ့သက်သေ ကုလတွေ့ရှိ

noreply@voanews.com (ဗွီအိုအေ (မြန်မာပိုင်း)) at Voice of America - 34 minutes ago
ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လက လူ ရာပေါင်းများစွာ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုမှာ ဓာတုလက်နက် အမြောက်အများကို အသုံးပြုခဲ့တယ်ဆိုတာ ရှင်းလင်းပြီး ယုံကြည်လောက်တဲ့ အထောက်အထား ရထားပြီလို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ သြဂုတ်လ ၂၁ ရက်နေ့ ဒမတ်စ်ကတ်မြို့တော်ရဲ့ Ghouta ဒေသနားမှာ Sarin အဆိပ်ဓာတ်ငွေ့ပါတဲ့ မြေပြင်ကနေ မြေပြင်ပစ် ဒုံးကျည်တွေကို အသုံးပြုခဲ့တယ်ဆိုတာ စုဆောင်းရယူထားတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ၊ ဓာတုဆိုင်ရာ၊ ဆေးဖက်ဆိုင်ရာ နမူနာတွေက ပြနေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောတယ်ဆိုပြီး ... more »

မြန်မာနဲ့ ထိုင်း အဆင့်မြင့် စစ်တပ်ဆိုင်ရာ ကော်မတီ စည်းဝေး

ကာကွယ်ရေးဦးစီးချုပ်တွေ ဦးဆောင်ဆွေးနွေးမယ့် အဆင့်မြင့် စစ်တပ်ပိုင်းဆိုင်ရာ အစည်းအဝေးကို ဘန်ကောက်မြို့မှာ စတင်

FORUM 2000 မှာ ဘုန်းတော်ကြီး ဒလိုင်း လာမား မိန့်ခွန်းပြော

ညီလာခံ ပုံမှန် ဖွင့်ပွဲ အခမ်း အနားမှာ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် ဘုန်းတော်ကြီး ဒလိုင်း လားမား တက်ရောက် မိန့်ခွန်း ပြောခဲ့ပါတယ်။

ဆေးလိပ်၊ အရက်၊ ဘီယာ ကြော်ငြာတာတွေကို လက်မခံဘူးဆိုတဲ့ ခင်ဝင့်ဝါ

Myanmar News Now at Thit Htoo Lwin - 1 hour ago
ဆေးလိပ်၊ အရက်၊ ဘီယာ ကြော်ငြာတာတွေကို လက်မခံဘူးဆိုတဲ့ ခင်ဝင့်ဝါ

ဆီးရီးယားအပေါ် ပြင်းထန်တဲ့ ကုလဆုံးဖြတ်ချက် ချမှတ်ဖို့ အနောက်အုပ်စုလိုလား

noreply@voanews.com (ဗွီအိုအေ (မြန်မာပိုင်း)) at Voice of America - 1 hour ago
ဆီးရီးယားနိုင်ငံက သူ့ရဲ့ဓာတုလက်နက်တွေကို စွန့်လွှတ်ရေး တိကျပြီး မဖြစ်မနေ လိုက်နာလုပ်ဆောင်ရမယ့် နောက်ဆုံးရက် သတ်မှတ်ချက်တွေပါဝင်တဲ့ အားကောင်းတဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တခု ထွက်လာဖို့ လိုအပ်တယ်ဆိုတာကို အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတို့က သဘောတူလိုက်ကြပါတယ်။ လုပ်ငန်းဟာ ခက်ခဲပြီး ရှုပ်ထွေးတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလီယမ် ဟိတ်ဂ် (William Hague) ပြောပေမဲ့ သမ္မတ ဘာရှာ အယ်လ်-အာဆဒ်အစိုးရအပေါ် ဖိအား ဆက်ပေးသွားဖို့ လိုအပ်တယ်ဆိုတာကို အလေးအနက် ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ... more »

နိုင်ငံရေးပဋိပက္ခ ဖြေရှင်းဖို့ ကမ္ဘောဒီးယား အဓိကနိုင်ငံရေးပါတီ ၂ ခုဆွေးနွေး

noreply@voanews.com (ဗွီအိုအေ (မြန်မာပိုင်း)) at Voice of America - 1 hour ago
ကမ္ဘောဒီးယားနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးအကြမ်းဖက် ပဋိပက္ခတွေကို ဖြေရှင်း အဖြေရှာဖို့ အဓိက အတိုက်အခံပါတီ ခေါင်းဆောင် Sam Rainsy နဲ့ ၀န်ကြီးချုပ် ဟွန်ဆန်တို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးနေကြပါတယ်။ မြို့တော်ဖနွမ်းပင်က လမ်းမတွေပေါ်မှာ တနင်္လာနေ့က ဒုတိယမြောက်ရက်အဖြစ် ဆန္ဒပြနေကြသူတွေကို မျက်ရည်ယိုဗုံး၊ မီးခိုးဗုံး၊ မီးသတ်ပိုက်တွေ သုံးပြီး ရဲတွေက ဖြိုခွဲနှိမ်နင်းပြီးတဲ့နောက် အခုလို နှစ်ဘက် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာတာပါ။ အစိုးရအတိုက်အခံ ဆန္ဒပြသူ ၂ သောင်းလောက်ဟာ လွတ်မြောက်ရေးပန်းခြံမှာ ... more »

မိုးထိမိုးမိရွှေလုပ်သားတွေ ဆန္ဒပြခွင့် ၃ ကြိမ်ပယ်ချခံရ

noreply@voanews.com (မအေးအေးမာ) at Voice of America - 1 hour ago
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှာရှိတဲ့ မိုးထိမိုးမိတောင်က ရွှေလုပ်သားတွေဟာ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုထားပေမဲ့ ကုမ္ပဏီဘက်က စာချုပ်ပါ အခွင့်အရေးတွေကို လိုက်နာခြင်းမရှိတာကြောင့်နဲ့ မိုးထိမိုးမိတောင်မှာ ရွှေတူးဖော် လုပ်ကိုင်ခွင့် မရတာတွေကြောင့် လုပ်သားတွေဘက်က ဆန္ဒပြခွင့် တောင်းဆိုခဲ့ရာမှာ ၃ ကြိမ်ခန့် ပယ်ချခံခဲ့ရပါတယ်။ ဒါကြောင့် မန္တလေးမြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး မိုးထိမိုးမိမှာ အသေးစားလုပ်ငန်း ရွှေတူးဖော်ခွင့်ရရေး တောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ စုံစမ်းထားတဲ့ ဗွီအိုအေသတင်းထောက် ... more »

IAEA နောက်ဆက်တွဲ သဘောတူစာချုပ် မြန်မာလက်မှတ်ရေးထိုးမည်

noreply@voanews.com (ဗွီအိုအေ (မြန်မာပိုင်း)) at Voice of America - 1 hour ago
မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂ အနုမြူစွမ်းအင်ဆိုင်ရာ အေဂျင်စီတို့အကြား နောက်ထပ် သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးတော့မယ်လို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA က ပြောလိုက်ပါတယ်။ မြန်မာအစိုးရဟာ နျူကလီးယားလက်နက်ထုတ်လုပ်တဲ့ နည်းပညာကို ရယူဖို့ ကြိုးစားနေသလားဆိုတဲ့ သံသယတွေကို ရှင်းလင်းဖို့ ရည်ရွယ်တဲ့အနေနဲ့ အခုလို လက်မှတ်ရေးထိုးကြမှာပါ။ မြန်မာနိုင်ငံက လက်ရှိ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်ထဲမှာ နောက်ထပ် ထည့်သွင်းမယ့် သဘောတူညီချက်အရ နျူကလီးယားဆိုင်ရာ နေရာတွေလို့ ကြေညာထားတဲ့ နေရာတွေဆီ ... more »

ဧရာဝတီနဲ့ ဒုဋ္ဌဝတီ ဆုံရာ အမရပူရ အနီး ရေကြီးမှု သတင်းဓာတ်ပုံများ

ဆယ်နှစ်အတွင်း ပထမဆုံးနဲ့ အကြီးမားဆုံး ရေကြီးမှု ဖြစ်

အိပ္မက္ဆံုရာ Season 6 မွာ ဘယ္သူ Winner ဆုရသြားသလဲ

အိမ့်သံစဉ် at The Irrawaddy's Blog - 1 hour ago
Channel 7 ပရိသတ်တွေရဲ့ အိပ်မက်ဆုံရာ Season 6 ရဲ့ နောက်ဆုံး Grand Final ပွဲကြီးကတော့ မနေ့ည က အောင်ပွဲတွေနဲ့ အတူ အဆုံးသတ်သွားခဲ့ပါပြီ။ နောက်ဆုံးပိတ် ပြိုင်ပွဲကို အမျိုးသား ကဇာတ်ရုံမှာ ကျင်းပ ခဲ့ပြီး Channel 7 က တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ * ဓာတ်ပုံ- Channel 7* အားပေးကြတဲ့ ပရိသတ်တွေကိုစိတ်လှုပ်ရှားစေမယ့် အချိန်တွေမှာ ကြော်ညာတွေနဲ့ အစားထိုးသွားတာလွဲ လို့ အားပေးရတဲ့ ပရိသတ်က ကြေနပ်ကြတယ်လို့ ထင်ပါတယ်။ အိပ်မက်ဆုံရာ Season 6 ရဲ့ Winner ဆုကို ဆွတ်ခူးရယူသွားသူကတော့ မရတနာဝိုင်း ဖြစ်ပြီး ဆုငွေ ကျပ်ငွေ ၁၀ သိန်းပူးတွဲ ရရှိခဲ့ပါတယ်။ 1 st Runner Up ကတော့ လွန်းဇောင်းဖြစ်ပြီး ဆုကြေးငွေ ကျပ် ၇ သိန... more »

နစ်ဆန်းကားများ မြန်မာနိုင်ငံမှာ ထုတ်မည်ဟု သတင်းထွက်

သစ်ထူးလွင် at Thit Htoo Lwin - 2 hours ago
ဂျပန်နိုင်ငံက ကမ္ဘာကျော် Nissan မော်တော်ကား ကုမ္ပဏီကြီးက သူရဲ့အကျိုးတူ လုပ်ဖက် Malaysia Tan Chong ကုမ္ပဏီနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ အသေးစား လူစီးကားတွေနဲ့ ထရပ်ကားတွေ ထုတ်လုပ်သွားဖို့  အစီအစဉ် ရေးဆွဲနေကြောင်း ဂျပန်နိုင်ငံထုတ် နစ်ကေ စီးပွားရေး သတင်းစာကြီးက ဒီနေ့ ဖေါ်ပြလိုက်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV

နိုင်ငံသားစိစစ်ရေးကဒ်ပြားကို Smart Card နှင့် အစားထိုးမည်

သစ်ထူးလွင် at Thit Htoo Lwin - 2 hours ago
မြန်မာနိုင်ငံမှာ လက်ရှိကိုင်ဆောင်နေတဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်တွေကဒ်)တွေနေရာမှာ Smart Card တွေနဲ့ အစားထိုးပြောင်းလဲပေးဖို့ အစိုးရမှာ အစီစဉ်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့ တိုင်းဒေသကြီး လွှတ်တော်အဆောက်ဦးထဲမှာ မနေ့ကပြုလုပ်တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲအပြီးမှာ ဝန်ကြီး ဦးခင်ရီကို RFA က မေးမြန်းရာမှာ အခုလိုပြောခဲ့တာပါ။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtool
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template