ထားဝယ်ဒေသအတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာရန်နှင့်အလုပ်အကိုင်အခွင့်အလမ်းများ
ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် Union 0f Myanmar Travel
Association (UTMA)က စီစဉ်ဖွင့်လှစ်သည့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာပေးသင်တန်းများကို ထားဝယ်မြို့တော်ခန်းမတွင် စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သင်တန်းဖြစ်မြောက်ရေးတာဝန်ယူဆောင်ရွက်လျက်ရှိသည့် UMTA မှ အဖွဲ့ဝင် ဦးထိန်ဝင်းကပြောကြားသည်။အဆိုပါသင်တန်းတွင်ခရီးသွားလုပ်ငန်းဆိုင်ရာပညာရပ်တွင် အတွေ့အကြုံများပြားသည့် ၀ါရင့်ပညာရှင်များက လာရောက်ပို့ချမည်ဖြစ်ပြီး သင်တန်းဆင်းလက်မှတ်များလည်းချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)