ရှစ်လေးလုံး ငွေရတု အခမ်းအနားမှာ မြင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်
အခု စင်ကာပူသွားမယ့် ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒေါက်တာ ဒေါ်တင်မာအောင်၊ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မျိုးအောင်၊ ဗဟို ကော်မတီဝင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေး တာဝန်ခံ ဦးစိုးဝင်းတို့လည်း လိုက်ပါသွားကြမှာ ဖြစ်ပါတယ်။
ခရီးစဉ်အတွင်း စင်ကာပူ ထိပ်သီး ၂၀၁၃ ကို တက်ရောက်မှာဖြစ်ပြီး စင်ကာပူ သမ္မတ၊ ၀န်ကြီးချုပ်၊ လွှတ်တော် အကြီးအကဲတွေအပြင် ၀ါရင့် ၀န်ကြီးချုပ် တဦးဖြစ်တဲ့ ဂိုချုပ်ထောင်နဲ့လည်း တွေ့ဆုံဖို့ ရှိပါ တယ်။
ခရီးစဉ်အတွင်း စင်ကာပူတက္ကသိုလ်တခုမှာ ဟောပြောပို့ချမှု တခု ရှိသလို စင်ကာပူရောက် မြန်မာ မိသားစု တွေနဲ့လည်း တွေ့ဆုံသွားဖို့ အစီအစဉ် ရှိပါတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့ မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူ ခရီးစဉ်ကို အဆုံးသတ်ပြီး ရန်ကုန်ကို မနက် ပိုင်း ပြန်လည် ရောက်ရှိမှာ ဖြစ်ပါတယ်။
ယမန်နေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယမြောက် ဥရောပ ခရီးစဉ်ကို ချက်သမ္မတ နိုင်ငံ မှာ အဆုံးသတ်ပြီး ယနေ့ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်ကာပူ ခရီးစဉ် အသေးစိပ်ကို အောက်မှာ ဖော်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ စင်္ကာပူခရီးစဉ်
၁. ဒေါ်အောင်ဆန်းစုကြည် - ဥက္ကဌ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
၂. ဒေါက်တာတင်မာအောင် - Chief of Staff&Personal Assistant to Chairperson ၃. ဒေါက်တာမျိုးအောင် - ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
၎. ဦးမင်းဦး - ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
၅. ဦးစိုးဝင်း - Personal Aid to Chairperson
Friday, 20th September 2013
1. Rangoon to Singapore (9:00 am)
2. Meeting with Ms. Grace Fu (Second Ministry of Foreign Affairs)
3. Attending Singapore Summit and Welcome Dinner Saturday,
21st September 2013
1. Attending Singapore Summit
2. Luncheon Keynote Speech (Myanmar in Transition)
Sunday, 22nd September 2013
1. Meeting with Myanmar Community
2. Visit to Lee Kuan Yew School of Public Policy
3. Lecture at Singapore Management University (Mindset in Leadership)
Monday, 23rd September 2013
1. Meeting with Her Excellency Madam Haliamah Yacob and visit Parliament (Speaker of the Parliament)
2. Meeting with His Excellency Dr. Tony Tan Keng Yam (President of Singapore)
3. Meeting with His Excellency Mr. Lee Hsien Loong (Prime Minister of Singapore)
4. Meeting with His Excellency Mr. Goh Chok Tong (Emeritus Senior Minister)
5. Visit to ITE College East
6. Visit to Corrupt Practices Investigation Bureau (CPIB)
Tuesday, 24th September 2013 1.
Leave from Singapore Changi Airport to Rangoon (10:15 am @ local time)
အိမ့်သံစဉ် ~ဧရာဝတီ