Headlines News :
Home » » ဖိလစ်ပိုင်တွင် အစိုးရတပ်နှင့်မွတ်ဆလင်သူပုန်တိုက်ပွဲဆက်လက်ဖြစ်ပွား

ဖိလစ်ပိုင်တွင် အစိုးရတပ်နှင့်မွတ်ဆလင်သူပုန်တိုက်ပွဲဆက်လက်ဖြစ်ပွား

Written By လွင့်မောင်မောင် on Sunday, September 15, 2013 | 7:09 AM



ဇမ္ဘိုအန္ဂါ၊ စက္တင္ဘာ ၁၄။
ခြောက်ရက်ကြာ အဖြေရှာမရသည့်အခြေအနေကိုအဆုံးသတ်ရန်နှင့် အပစ်အခတ်ရပ်စဲရေး ဖိလစ်ပိုင်ဒုသမ္မတ အားထုတ်သော်လည်း နိုင်ငံတောင်းပိုင်းတွင် ဓားစာခံ လူ၁၀၀ ကျော်ကို ဖမ်းဆီးထားသည့် မွတ်ဆလင် သူပုန်များသည် အစိုးရတပ်များနှင့် ယနေ့တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်။
၎င်းအဖြေမရနိုင်သေးသည့်အခြေအနေသည် ယခုတစ်ပတ် တနင်္လာနေ့တွင်စတင်ခဲ့ခြင်းဖြစ်ပြီး ဇမ်ဘိုအမ်ဂါ မြို့ရှိ ကမ်းခြေနေရာများကို မိုရိုအမျိုးသားလွတ်မြောက်ရေးရှေ့ပြေးတပ်၏ တိုက်ခိုက်ရေးသမား ၂၀၀ ပါရှိသည့် တပ်ခွဲတစ်ခုဝင်တိုက်ကာ အရပ်သားများကို ဖမ်းဆီးချိန်တွင် စတင်ခြင်းဖြစ်သည်။
စစ်တပ်က ပြောက်ကျားတပ်နှင့် ၎င်းတို့ကို ဝန်းရံသည့် တပ်ဖွဲ့များကြားတိုက်ခိုက်မှုကြောင့် သူပုန် ၁၅ ဦးအပါအဝင် လူ ၂၂ ဦးသေဆုံးပြီးဖြစ်ကြောင်း ပြောကြားသည်။
ဒုတိယသမ္မတ ဂျီဂျိုမာဘီနေးက သူပုန်ခေါင်းဆောင် နာမီဆူအာရီသည် အပစ်အခတ်ရပ်စဲရေးကို သောကြာနေ့တွင် ဖုန်းဖြင့်ပြောဆိုသဘောတူညီကြောင်း ပြောကြားပြီး အဓိကဆိပ်ကမ်းမြို့ဖြစ်သည့် ဇမ်ဘိုအမ်ဂါမြို့ အကျပ်အတည်းတွင် ကူညီကိုင်တွယ်နေသည့် ကာကွယ်ရေးဝန်ကြီး ဗို့လ်တိုင်းယားဂက်ဇ်မင်သို့ ၎င်းသတင်းကို ပေးပို့ခဲ့ရာ ကာကွယ်ရေးဝန်ကြီးက စေ့စပ်ညှိနှိုင်းမှုလုပ်ဆောင်ရန် ဇမ်ဘိုအမ်ဂါသို့ စနေနေ့တွင် သွားရောက်မည်ဖြစ်ကြောင်း ပြောကြားသည်။
သို့သော်၎င်းက သူပုန်များသည် သဘောတူညီမှုကိုချိုးဖောက်ကာ ဆက်လက်တိုက်ပွဲဖြစ်နေကြောင်း ပြောကြားသည်။
“လူတိုင်းဟာ ဒီဖြစ်ရပ်ကို ပိုပြီးသွေးထွက်သံယိုမဖြစ်စေဘဲ ရပ်တန့်ဖို့အတွက် ငြိမ်းချမ်းရေးကိုလိုလားပါတယ်၊ ဒါပေမယ့်ကျွန်တော်တို့ပြောချိန်မှာပဲ ဆက်တိုက်နေကြတယ် ၊ဒါကြောင့် အပစ်အခတ်ရပ်စဲမှုမရှိဘူး၊ သူပုန်တပ်ဖွဲ့မပစ်မှသာ အစိုးရတပ်တွေမပစ်ပါဘူးလို့ ကျွန်တော်တို့သဘောတူပါတယ်” ဟု ပြောကြားသည်။
သမ္မတဘက်နစ်ဂ်နို အကွီနိုသည်လည်း သောကြာနေ့အစောပိုင်းတွင် ဇမ်ဘိုအန်ဂါသို့ရောက်ရှိကာ အစိုးရတပ်များ ထံသို့အပြင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နေရာရွှေ့ပြောင်းလာခဲ့ကြရသည့် အရပ်သား ၂၄၀၀၀ ခန့်ထံသို့လည်း လာရောက်လည်ပတ်ခဲ့သည်။
၎င်းက ၎င်းအာဏာစတင်ရရှိသည့် ၂၀၁၀ခုနှစ်မစ၍ အစိုးရကြုံတွေ့ရသည့် အပြင်းထန်ဆုံးဖြစ်သည့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းကို အဆုံးသတ်ရေးအတွက် အင်အားသုံးရန်နှောင့်နှေးမည်မဟုတ်ကြောင်း မိန့်ခွန်းတစ်ခုတွင် သတိပေးပြောကြားသည်။
“သူတို့တွေမဖြတ်သင့်တဲ့မျဉ်းတွေရှိပါတယ်၊ တကယ်လို့အဲဒီမျဉ်းတွေကိုဖြတ်ကျော်တယ်ဆိုရင်တော့ အစိုးရရဲ့အင်အားကို မဖြစ်မနေသုံးရပါမယ်” ဟုလည်း ပြောကြားသည်။
သောကြာနေ့ကတိုက်ခိုက်မှုများမရှိဘဲ အဖမ်းခံထားရသူများ၏ အပစ်အခတ်ရပ်ရန် အော်ဟစ်သံများ ကြားရကြောင်း အစိုးရတပ်မှ စစ်သားတစ်ဦးဒဏ်ရာရရှိကြောင်း အေဘီအက်တီဗီသတင်းတွင်ပါရှိသည်။
Ref:AP
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template