Tropical Storm Risk (TSR) မှ ခန့်မှန်းချက်
Typhoon USAGI: Current |
Typhoon USAGI: Probability of Cat 1 or above winds to 12 hours lead |
Typhoon USAGI: Probability of tropical storm winds to 24 hours lead |
MMWeather Information မှ
ဖိလစ်ပိုင်ပင်လယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် စူပါတိုင်ဖွန်းမုန်တိုင်း USAGI(17W) သည် အဆင့်-၄ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ အနည်းငယ် အားလျော့သွားသည်။
မုန်တိုင်းဗဟိုသည် ယနေ့(၂ဝ-၉-၁၃) မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ တရုတ်(ထိုင်ဝမ်ကျွန်း) တိုင်ပေမြို့တော်၏ အရှေ့တောင်ဘက် မိုင် ၄ဝဝ ခန့်၊ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အရှေ့မြောက်ဘက် ၄၂၅ မိုင်ခန့်၊ တရုတ်(ဟောင်ကောင်)၏ အရှေ့-အရှေ့တောင်ဘက် ၆၈၅ မိုင်အကွာ ဖိလစ်ပိုင်ပင်လယ်မြောက်ပိုင်းတွင် ဗဟိုပြုနေပြီး မူလ ခန့်မှန်းလမ်းကြောင်းအတိုင်း အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ
(၂၁-၉-၁၃)နံနက် ဝ၆း၃ဝ နာရီ(MST) နောက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းနှင့် ထိုင်ဝမ်ကျွန်းကြားမှ ဖြတ်ကျော်မည်ဟု ခန့်မှန်းရပါသည်။
http://blog.mmweather.com |
စက်တင်ဘာလ ၂၂ ရက်၊ ညပိုင်း၌ စူပါတိုင်ဖွန်းမုန်တိုင်းသည် တရုတ်တောင်ပိုင်းကမ်ခြေအား ဟောင်ကောင်မြို့ အနီးမှ ကပ်၍ ဖြတ်ကျော်၍ ကုန်းတွင်းသို့ ဝင်ရောက်မည်ဟု အပြည်ပြည်ဆိုင်ရာ မိုးလေဝသ ကွန်ပျူတာမော်ဒယ်များမှ ခန့်မှန်းထားရာ မုန်တိုင်း ကုန်းတွင်းသို့ ဝင်ရောက်သည့် စက်တင်ဘာလ ၂၂ ရက် ည ပိုင်းတွင် မြန်မာနိုင်ငံ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုန်လေပြန်လည်အားကောင်းလာမည့် အခြေအနေရှိကြောင်း မော်ဒယ်ခန့်မှန်းချက်များတွင် တွေ့ရပါသည်။