Headlines News :
Home » » သိမ်းဆည်း လယ်ယာမြေပြဿနာ ဒုတိယသမ္မတများ ကိုယ်တိုင်ဖြေရှင်းမည်

သိမ်းဆည်း လယ်ယာမြေပြဿနာ ဒုတိယသမ္မတများ ကိုယ်တိုင်ဖြေရှင်းမည်

Written By လွင့်မောင်မောင် on Friday, September 20, 2013 | 3:19 PM

ထားဝယ်မြို့ ၊ ဆန်းချီရပ် ကမြောကင်းလမ်း ရှိ ကိုထွန်းထွန်း မိသားစုပိုင်ဆိုင်သော ဘိုးဘွားပိုင်လယ်မြေပေါ်တွင်
ထားဝယ်မြို့နယ်မြေစရင်းဦးစီးမှုး  ဆောက်လုပ်ထားသော တိုက်အိမ်။ဓာတ်ပုံ-ထားဝယ်တောင်သူလယ်သမားသမဂ္ဂ(Facebook)

နေပြည်တော်၊ စက်တင်ဘာ ၁၉

တပ်မတော် အစိုးရလက်ထက်က တပ်မတော်၊ လူပုဂ္ဂိုလ် အဖွဲ့အစည်းနှင့် ကုမ္ပဏီများက သိမ်းယူခဲ့သော လယ်ယာမြေ ပြဿနာများကို ဖြေရှင်းရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် ဒုတိယသမ္မတ နှစ်ဦးထဲမှ တစ်ဦးကို တာဝန်ပေးအပ်မည် ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားသည်။

စက်တင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော် နိုင်ငံတော်သမ္မတရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်သည့် မြေယာ အသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေးတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လယ်ယာမြေ သိမ်းဆည်းခြင်း ပြဿနာများကို ကာလတိုအတွင်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ယင်းသို့ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အဲဒီအစည်းအဝေးမှာ မြေသိမ်းကိစ္စတွေ ဖြေရှင်းဖို့ ဒုတိယသမ္မတ တစ်ဦးကို ဦးဆောင်ခိုင်းမယ်လို့ သိရတယ်” ဟု ၎င်းအစည်းအဝေးကို တက်ရောက်သည့် စိုက်ပျိုးရေး မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောကြားသည်။

မြန်မာနိုင်ငံ အတွင်းရှိ လယ်ယာမြေ ပြဿနာများကို တစ်နှစ်အတွင်း ဖြေရှင်းမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြောကြားထားသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သြဂုတ်လ နောက်ဆုံးပတ်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အစိုးရက လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာများ ဖြေရှင်းရာတွင် နှေးကွေးကြောင်း ဝေဖန်ပြောဆိုထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် တပ်မတော်က သိမ်းဆည်းထားသည့် လယ်ယာမြေဧက နှစ်သိန်းကျော်ရှိပြီး တပ်မတော် စီမံကိန်း မဆောင်ရွက်ဖြစ်သည့် မြေယာများကို ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောဆိုထားသည်။

အဆိုပါ လယ်ယာမြေများကို ပြန်လည် ပေးအပ်ရန် နိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သော မြေယာအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းထားကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရှိရသည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template