Headlines News :
Home » » မြန်မာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု တစ်ဟုန်ထိုးကျဆင်းနေကြောင်း အစီရင်ခံစာဖော်ပြ

မြန်မာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု တစ်ဟုန်ထိုးကျဆင်းနေကြောင်း အစီရင်ခံစာဖော်ပြ

Written By လွင့်မောင်မောင် on Friday, September 20, 2013 | 4:36 PM

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကန့်ကွက်နေကြသော ဒေသခံများ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးသုတေသနအဖွဲ့ စတမ်ဆန်စင်တာက တရုတ်-မြန်မာစီးပွားရေး  ပူးပေါင်းဆောင်ရွက်နေခြင်းအပေါ်   သုံးသပ်ချက်အစီရင်ခံစာတစ်စောင်ကို   စက်တင်ဘာ ၁၆ ရက်က    ထုတ်ပြန်လိုက်သည်။

တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုကင်းမဲ့ခြင်းများ၊ ရန်လိုမုန်းတီးခြင်းများကို လျှော့ချရန်အတွက် တရုတ်ရင်းနှီးမြှုပ်နှံသူများ နှင့် မြန်မာအစိုးရတို့၏ ကြိုးပမ်းမှုများသည် နှစ်နိုင်ငံအကျိုးရှိစေမည့် တာဝန်သိသော ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးတို့အပေါ် သုံးသပ်ထားခြင်းဖြစ်သည်။

““မြန်မာနိုင်ငံအတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှု ရှေ့အလားအလာများ””ဟု အဓိပ္ပာယ်ရသည့်ခေါင်းစဉ်ဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်လျက်ရှိရာ အထူးသဖြင့် ခေတ်မီသည့် စက်မှုနိုင်ငံအဖြစ် အမြန်ထူထောင်နိုင်ရေးအတွက် အဆင့်လည်းမမီ၊ ပြည့်စုံလုံလောက်မှုလည်းမရှိသေးသည့် အခြေခံအဆောက်အအုံများကဏ္ဍတွင်ဖြစ်သည်ဟု ဆိုသည်။မြန်မာနိုင်ငံတွင် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှု တစ်ဟုန်ထိုးကျဆင်းသွားခြင်းကို အစီရင်ခံစာတွင် မှတ်တမ်းများဖြင့် ဖော်ပြထားရာ ၂၀၀၈-၂၀၁၁ ခုနှစ်တွင် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၁၃၀၀ ရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၄၀၇ သန်းသာ ကျန်တော့သည်။

မြန်မာနိုင်ငံတွင်းရှိ တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုများကို မြန်မာအစိုးရက လုံလောက်သောအကာအကွယ်ပေးခြင်းမရှိဟု တရုတ်တို့က ယူဆထားသည်။ မြန်မာကို ရင်းနှီးမြှုပ်နှံရန်မကောင်းသော၊ အန္တရာယ်များသောနေရာအဖြစ် ယခုအခါ တရုတ်တို့က လက်ခံထားသည်ဟု အစီရင်ခံစာက ကောက်ချက်ဆွဲထားသည်။

မြန်မာနိုင်ငံတွင် တရုတ်တို့၏ အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုသုံးခုမှာ မြစ်ဆုံရေကာတာ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် တရုတ်-မြန်မာရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းတို့ဖြစ်သည်။ ၎င်းစီမံချက်များတွင် ဒေသခံများက ဆန့်ကျင်ကန့်ကွက်ကြရာ၌ တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက် ပြဿနာများဖြစ်ပေါ်ခဲ့ရပြီး မသေချာမရေရာသည့်အနေအထား ရောက်ခဲ့ရသည်။

စတမ်ဆန် အစီရင်ခံစာအရ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ လျော့ကျသွားလျှင် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ မမျှော်လင့်ထားသည့်နည်းများဖြင့် ထိခိုက်နိုင်သည်ဟု ဆိုသည်။ ယခုအခါ   တချို့တစ်ဝက် တိုးတက်မှုများရှိလာနေသည်။

 ““မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ ပိုပြီးလက်ခံလာအောင် ကြိုးပမ်းတဲ့အနေနဲ့ တရုတ်က အမြတ်ခွဲဝေတဲ့နေရာမှာ ပိုကောင်းလာအောင် ပြင်ဆင်နေပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးတာဝန်ယူမှု     အစီအမံတွေကိုလည်း မြန်မာနိုင်ငံထဲမှာ လုပ်ဆောင်နေပါပြီ””ဟု အစီရင်ခံစာက ဆိုသည်။
အခြားနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံရာ၌  လိုအပ်သည့် အရေးကြီးသင်ခန်းစာများကို မြန်မာနိုင်ငံအတွင်း ရင်ဆိုင်ရသော ပြဿနာများမှတစ်ဆင့် တရုတ် နိုင်ငံက သင်ယူရရှိခဲ့သည်ဟုလည်း ဆိုသည်။စတမ်ဆန်အဖွဲ့မှ  တရုတ်၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအကြောင်း အစီရင်ခံစာရေးသားသူ ယွန်ဆွန်းသည် ယခင်က International Crisis Group ၏ တရုတ်ဆိုင်ရာ သုံးသပ်လေ့လာသူဖြစ်ပြီး အမေရိကန်-တရုတ် ဆက်ဆံရေးကျွမ်းကျင်သူအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။

7day daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template