Headlines News :
Home » » လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းလိုကြောင်း ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားထားသောအမှု လေးမှုရှိ

လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းလိုကြောင်း ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားထားသောအမှု လေးမှုရှိ

Written By လွင့်မောင်မောင် on Tuesday, September 17, 2013 | 10:21 AM

လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပြန် လည်ရုပ်သိမ်းလိုကြောင်း မဲဆန္ဒရှင်များက ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားထားသည့် အမှုလေးမှုရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပြန်လည် ရုပ်သိမ်းလိုကြောင်း တိုင်ကြားခံထား ရသူများမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမဲဆန္ဒနယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဟန်စိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မန္တလေးတိုင်းဒေသကြီး တံတားဦး မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒ နယ် အမှတ် (၁၂) ဦးဆလိုင်းခွဲယန်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်တို့ ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

ထိုသို့ ပြည်သူများ၏ တိုင်ကြားချက်များကို မိမိအနေဖြင့် ဆောင်ရွက်ပေး လိုသော်လည်း ဥပဒေ မရှိသေးသဖြင့် ဥပဒေပြုရန် လွှတ်တော်သို့ တင်ပြခဲ့သော်လည်း ရပ်ဆိုင်းခြင်းခံရကြောင်း ပြောကြားသည်။

ထိုသို့လွှတ်တော်တွင်း ဆိုင်းငံ့ထားသော ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးရန် ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် တိုက်တွန်းပြောဆိုရန် ရှိမရှိနှင့် ပတ်သက်၍ ကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက ''လူကြီးတွေပဲ။ တိုက်တွန်းစရာလည်း မလိုပါဘူး။ အသိစိတ်နဲ့ လုပ်ရမယ့် ကိစ္စတွေပါ။ ဒါတွေဟာ ကလေးကစား စရာလည်း မဟုတ်ဘူး။ ဥပဒေတွေပါ။ ဖွဲ့စည်းပုံကို အလေးထားရမယ့် ဥပဒေတွေ ဖြစ်ပါတယ်'' ဟု ဦးတင်အေးက စက်တင်ဘာ ၁၄ ရက်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ထို့အပြင် ယခုကဲ့သို့ ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးရန် ဆိုင်းငံ့ထားခြင်းသည် ဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း၊ ဥပဒေပြု ပြဋ္ဌာန်းရမည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အပ်နှင်းထားသည့် လွှတ်တော်၏ တာဝန်သာ ဖြစ်ကြောင်း၊ လွှတ်တော်၌ ဆွေးနွေးချက်များကဲ့သို့ ဥက္ကဋ္ဌတွင် အာဏာရှိသကဲ့သို့ ဆွေးနွေးရန် ရပ်ဆိုင်း၍ မရကြောင်း၊ ယခု ဥပဒေသည် လွှတ်တော်မှ ဖွဲ့စည်းပုံအရ မဖြစ်မနေ ပြဋ္ဌာန်းရမည့် ဥပဒေတစ်ခုလည်း ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template