Headlines News :
Home » » မန္တလေးတွင် ပိုင်ရှင်မဲ့ သေဆုံးသူ မြင့်တက်

မန္တလေးတွင် ပိုင်ရှင်မဲ့ သေဆုံးသူ မြင့်တက်

Written By လွင့်မောင်မောင် on Monday, January 27, 2014 | 10:24 PM


မန္တလေး၊ ဇန်နဝါရီ ၂၆

မန္တလေးမြို့တော်တွင် အာဟာရ ချို့တဲ့မှုကြောင့် ဆေးရုံ တက်ရောက် ကုသ ကြသူများနှင့် ပိုင်ရှင်မဲ့ သေဆုံးသူများ ယမန်နှစ်ကထက် အရေအတွက် ပိုများလာကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် လူမှုကူညီရေး အသင်းများထံမှ စုံစမ်း သိရှိရသည်။

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ပိုင်ရှင်မဲ့ အမည်မသိ သေဆုံးသူမှာ တစ်လလျှင် ငါးဦးအထိ ရှိတတ်သော်လည်း ယခု နောက်ပိုင်းမှာ တစ်လလျှင် ၁၀ ဦးခန့် ရှိလာကြောင်း၊ ယခု လက်ရှိတွင် အာဟာရ ချို့တဲ့မှုကြောင့် တက်ရောက် ကုသမှုမှာ ဖျားနာဆောင်တွင် တစ်ဦးနှင့် ပြင်ပလူနာ ဌာနတွင် နှစ်ဦး ရှိကြောင်း မန္တလေး ဆေးရုံကြီးဆေးနှင့် ပြည်သူ့ဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ဆိုသည်။

အာဟာရ ပြတ်လပ်မှုကြောင့် လမ်းဘေးတွင် သေဆုံးမှုနှင့် ပိုင်ရှင်မဲ့ သေဆုံးမှုများကို သင်္ဂြိုဟ်စရိတ် စိုက်ထုတ်ကာ နာရေးကူညီမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း မန္တလေးတောင်ခြေ အနီးရှိ ကလျာဏမိတ္တ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်တင့်က ပြောကြားသည်။

ကလျာဏမိတ္တ လူမှုကူညီရေး အသင်းအနေနှင့်၂၀၁၂ ခုနှစ်တွင် ပိုင်ရှင်မဲ့ သေဆုံးသူ ၅၀ ဦးကို သင်္ဂြိုဟ် ပေးခဲ့ရပြီး ၂၀၁၃ ခုနှစ်တွင် ဦးရေ ၄၀ ဝန်းကျင် သင်္ဂြိုဟ် ပေးခဲ့ရကြောင်း ၎င်းထံမှ သိရသည်။

“အများစုက သုဓမ္မာ ဇရပ်တန်းမှာ သေနေတာ၊ ကျုံးထဲ ခုန်ချတာ စတာတွေ များတယ်။ လမ်းဘေးမှာ အာဟာရ ပြတ်ပြီး လဲနေတာ တွေ့ရင်လည်း ဆေးရုံကြီးကို ပို့တယ်” ဟု ကလျာဏမိတ္တ လူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးခင်မောင်တင့်က ဆိုသည်။

မန္တလေးဆေးရုံကြီး ပြင်ပလူနာဌာန တာဝန်ကျ လုံခြုံရေး ဝန်ထမ်းများသည် လူစည်ကားရာ နေရာများဖြစ်သည့် ဘူတာရုံ၊ ဈေး၊ ဘုရား၊ ကျုံးဘေး၊ သုဓမ္မာ ဇရပ်တန်း အစရှိသော နေရာများတွင် လူနာများကို ရှာဖွေကာ ဆေးရုံကြီးတွင် ကုသပေးကြောင်း၊ ယင်းလူနာများ ရောဂါ ပျောက်ကင်းသည့်အခါ လူနာကို ပြန်လည် ခေါ်ဆောင်မည့် မိသားစုများ မရှိခြင်း၊ မိသားစု ရှိသော်လည်း လူနာကို စွန့်ပစ်ထားခြင်းတို့ အတွက်ကြောင့် ရောဂါ ပျောက်ကင်းသွားသည့် လူနာများမှာ ပြန်စရာ နေအိမ်မရှိဘဲ ဆေးရုံအနီးတစ်ဝိုက်နှင့် လူစည်ကားရာ နေရာများတွင် တောင်းရမ်း စားသောက် နေထိုင်ကြပြီး ကျန်းမာရေးမကောင်း ပြန်ဖြစ်လာပါက ဆေးရုံသို့ ပြန်လည် တက်ရောက် ကုသခံကြကြောင်း မန္တလေးဆေးရုံကြီး ဆေးနှင့် ပြည်သူ့ဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ဆိုသည်။

အဆိုပါ လူနာများ သေဆုံးသွားပါက ပိုင်ရှင်မဲ့အဖြစ် ဆေးရုံက နိုင်ငံတော် စရိတ်ဖြင့် သဂြုင်္ိဟ် ပေးရကြောင်းလည်း ၎င်းထံမှ သိရသည်။

“ကျွန်တော်တို့က ပိုင်ရှင်မဲ့ အသုဘတွေဆိုရင် သင်္ဂြိုဟ်စရိတ် ၁၆,၀၀၀ ကို အသင်းပိုင် ငွေထဲကနေ ထုတ်ယူ သဂြုင်္ိဟ် ရပါတယ်။ အဲဒါကြောင့် စည်ပင်သာယာရေး ကော်မတီ အနေနဲ့ ဒါတွေကို လျှော့ပေါ့ ပေးစေလိုတယ်” ဟု မန္တလေးတောင်ခြေအနီး ကလျာဏမိတ္တ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်တင့်က ဆိုသည်။

မန္တလေးမြို့သည် အိမ်နီးချင်း နိုင်ငံများနှင့် အချက်အချာကျသည့် စီးပွားရေး မြို့ကြီး တစ်မြို့ ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း ပေါများသောကြောင့် အခြား နယ်ဒေသမှ ပြောင်းရွှေ့လာသူများ နှစ်စဉ် တိုးလာနေသည်ဟု အိမ်ရာတည်ဆောက်မှုများ နှင့်ပတ်သက်သည့် ကျွမ်းကျင် ပညာရှင် အချို့က သုံးသပ် ပြောကြားထားသည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template