Headlines News :
Home » » နိုင်ငံရေးသမားများကို ဂရုစိုက်စရာမလိုဟု ၀န်ကြီးပြောဆိုချက် အရေးယူရန်လို

နိုင်ငံရေးသမားများကို ဂရုစိုက်စရာမလိုဟု ၀န်ကြီးပြောဆိုချက် အရေးယူရန်လို

Written By လွင့်မောင်မောင် on Friday, January 31, 2014 | 8:32 PM

 
ဘယ်နိုင်ငံရေး သမားကိုမှ ဂရုစိုက်စရာ မလိုဘူးလို့ ပြောဆိုခဲ့တဲ့ မွေးမြူရေးလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့်ကို အစိုးရက ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့လိုတယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူးအဖြစ် တာဝန်ထမ်းခဲ့ဖူးတဲ့ ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်ဟာ ပြည်ထောင်စုဝန်ကြီး တာဝန်ယူထားပြီး မကွေးတိုင်း မကွေးမြို့ သစ်ရာကောက်ကျေးရွာခရီးစဉ်မှာ ရွာသားတွေနဲ့ ပြောဆိုခဲ့တာပါ။

ဒီပြောဆိုချက်ကို ယူနတီဂျာနယ်က ဖော်ပြခဲ့ပြီးတဲ့နောက် ဗွီဒီယိုဖိုင် အင်တာနက်ပေါ်ကို တက်လာခဲ့ပါတယ်။

အဲဒီပြောကြားချက်ထဲမှာ နိုင်ငံရေးစကားဆိုတာ တက်နေတဲ့ အစိုးရပေါ်မှာ စော်ကားတဲ့ ကောင်တွယ်မှာပဲ၊ ပါးစပ်နဲ့ တွယ်လို့ မရရင် အချုပ်ထဲထည့်မှာပဲဆိုပြီး ပြောဆိုချက်တွေအပေါ် လွှတ်တော် အမတ်တွေက တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်အမတ်တဦးဖြစ်သူ ဦးဖြိုးမင်းသိန်းက အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးရဲ့ ပြောဆိုချက်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ပြောပါတယ်။

“သမ္မတ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုတာ ဘာလဲလို့ မေးစရာ ရှိပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့က တကယ်ကို ဒီမိုကရေစီကို ဆန့်ကျင်တဲ့ အလုပ်တွေကို လုပ်နေသလားလို့ ပြည်သူတွေက မေးခွန်းထုတ်စရာ ရှိလာပါတယ်။ ဒီအခြေအနေတွေကို သမ္မတ ဦးသိန်းစိန်ရဲ့အစိုးရအဖွဲ့က ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့ လိုလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ် ဦးဝင်းထိန်ကတော့ သူ့တိုပါတီဟာ နှစ်ပေါင်း ၂၀ ကျော် ဒူပေဒဏ်ပေခံ ရပ်တည်လာတဲ့အတွက် ဒီစကားဟာ ပန်းနဲ့ပေါက်သလိုပဲလို့ ပြောပါတယ်။

“ကျနော်တို့ အန်အယ်ဒီက နှစ်ပေါင်း ၂၄ နှစ် ၂၅ နှစ်လောက် ဒူပေနာပေခံပြီးတော့ အရိုက်နှက်ခံရ၊ အညှဉ်းဆဲ ခံရ၊ ထောင်ကျခံရခဲ့တာ ဒီစကားလောက်တော့ ပန်းနဲ့ ပေါက်သလို အောက်မေ့တယ်။”

ဦးအုန်းမြင့်ရဲ့ ပြောဆိုချက်ထဲမှာ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွဆိုပြီး မိန့်ခွန်းပြောလာတဲ့ သူဖြစ်သလို ခါးကြားမှာ သေနတ်ထိုး ပခုံးပေါ်မှာ သေနတ်လွယ်အုပ်ချုပ်ခဲ့တာ ဖြစ်ပြီး ဘာမှမတိုးတက်ဘူးလို့ ပြောနေသူတွေဟာ အရူးတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်အမတ် ဦးဌေးဦးကတော့ နိုင်ငံရဲ့ ရေးရာ မှန်သမျှကို အဓိပ္ပာယ်ဖွင့်ဆိုချက်လွဲတာ ဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“နိုင်ငံရဲ့ အရေးအရာမှန်သမျှကို အဓိပ္ပာယ်ဖွင့်ဆိုချက်လွဲတော့ ဒါက အပြစ်ရှိရင်တော့ ရှိသလို သွားမှာပေါ့။ ဥပဒေအရ ချိုးဖောက်တယ်ဆိုရင် ဥပဒေနဲ့အညီ ဆောင်ရွက်ရမှာပေါ့၊ ဒီလိုပဲ ကျနော်မြင်ပါတယ်။ သူပြောတဲ့အဓိပ္ပာယ်လည်း ဒီလိုတော့ မဟုတ်ဘူးလို့ ကျနော် ယူဆပါတယ်။”

ဒီပြောဆိုချက်ဟာ လူမှုရေးကွန်ရက် ဖေ့ဘွတ်စာမျက်နှာပေါ်မှာ အာရုံစိုက်ခံရဆုံး သတင်း တပုဒ်ဖြစ်ခဲ့ပြီး ရုပ်သံဖိုင်ကိုပါ သုံးစွဲသူများက ဖြန့်ဝေနေကြပါတယ်။

By ကို​ထွေး​(ဒီဗွီဘီ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template