
တနင်္သာရီတိုင်း ဒေသကြီး ကျွန်းစုမြို့ နယ် ပထက်ကျွန်းပေါ်ရှိ ပြည့်ဖြိုးထွန်း ကုမ္ပဏီ ၀န်ထမ်း အိမ်ယာမှာ ဇန်န၀ါရီလ(၂၇)ရက်နေ့ မနေ့ ည ၁၀ နာရီ ၅၅ မိနစ်ခန့် က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါတယ်။
အဆိုပါ မီးလောင်မှုမှာ ၁ နာရီကျော်ခန့် မီးအရှိန် ပြင်းပြင်း လောင်ကျွမ်းခဲ့သဖြင့် ၀န်ထမ်းအိမ် ၈၄ လုံး မီးလောင်ကျွမ်းသွား ခဲ့ပါတယ်။
ဝန်ထမ်းဦးစည်သူ-ဒေါ်မီးဖြူ နေအိမ်မှ စတင် မီးလောင်းကျွမ်းတာ ဖြစ်ကြောင်း သိရှိရပြီး ၊ ပထက် ရဲကင်း ၊ မီးသတ် နှင့် အခြားအဖွဲ့ များမှ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးကြောင်း သစ်ထူးလွင်မှ စုံစမ်းသိရှိရပါတယ်။
http://www.thithtoolwin.com/ မှ