Headlines News :
Home » » မြန်မာအထက်တန်း ကျောင်းသားများကို တရုတ်သရုပ်ဆောင် ဂျက်လီ ကွန်ဖူးသင်ပေးမည်

မြန်မာအထက်တန်း ကျောင်းသားများကို တရုတ်သရုပ်ဆောင် ဂျက်လီ ကွန်ဖူးသင်ပေးမည်

Written By လွင့်မောင်မောင် on Wednesday, January 29, 2014 | 8:16 PM

 
မန္တလေး၊ ဇန်နဝါရီ ၂၈

မြန်မာ-တရုတ် ကုန်သွယ်မှု အချက်အချာ ဗဟိုကျသည့် အထက်မြန်မာနိုင်ငံ မန္တလေးတိုင်း ဒေသကြီးအတွင်း မြို့နယ်နှစ် မြို့နယ်ရှိ အထက်တန်း ကျောင်းသားများကို တရုတ်ရာဇဝင်နှင့် ကွန်ဖူး အက်ရှင်ကားများတွင် သိုင်းပညာဖြင့် ပါဝင် သရုပ်ဆောင်ခဲ့သည့် ဟောင်ကောင် အခြေစိုက် ရုပ်ရှင် သရုပ်ဆောင် ဂျက်လီက ကွန်ဖူးပညာ သင်ပေးရန် ကမ်းလှမ်းလာကြောင်း မန္တလေး အခြေစိုက် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းဝင် ဒေါ်တင်တင်လှိုင်က ပြောကြားသည်။

တရုတ် ရုပ်ရှင်သရုပ်ဆောင် ဂျက်လီ သင်ပေးလိုသည့် အခြေခံပညာ အထက်တန်းကျောင်း နှစ်ကျောင်းမှာ သပိတ်ကျင်းမြို့ အထက်တန်းကျောင်းနှင့် စဥ့်ကူးမြို့နယ် အထက်တန်းကျောင်းတို့ ဖြစ်သည်။

ယင်းကျောင်း နှစ်ကျောင်းရှိ ကျောင်းသားများကို ၎င်း၏ သိုင်းပညာ ပြန့်ပွားရေးအတွက် ဂျက်လီကိုယ်စား ဂျက်လီ ဖောင်ဒေးရှင်းက သိုင်းပညာ အခြေခံများကို ဦးစွာ လာရောက် သင်ပေးမည် ဖြစ်ကြောင်း ယင်းသင်ကြားပေးမည့် အစီအစဉ်ကို ယင်းအထက်တန်းကျောင်း နှစ်ကျောင်းတွင် ယခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ဂျက်လီ ဖောင်ဒေးရှင်းက ဂျက်လီ လှူဒါန်းသည့် အားကစားဥယျာဉ်နှင့် ကစားစရာ အရုပ်များကို လာရောက် လှူဒါန်းမှု ပြီးစီးသည့် အချိန်တွင် ဖောင်ဒေးရှင်းက ကိုယ်ခံသိုင်းပညာ သင်ပေးရန် ကမ်းလှမ်းမည် ဖြစ်ကြောင်း ဒေါ်တင်တင်လှိုင်ထံမှ သိရသည်။

ကျောင်းသားများ ကိုယ်ခံပညာ တတ်မြောက်မှု အခြေအနေများအပေါ် မူတည်ပြီး ဂျက်လီကိုယ်တိုင် ကျောင်းသားများကို လာရောက် တွေ့ဆုံ၍ ၎င်း၏ သိုင်းပညာကို လာရောက်ပြသ သင်ကြားပေးမည့် အစီအစဉ် များကိုလည်း ရေးဆွဲထားသည်ဟု ၎င်းက ပြောကြားသည်။

“ဂျက်လီကိုယ်တိုင် ဒီနှစ်အတွင်း မရောက်ရောက်အောင် အဲဒီကျောင်းတွေကို လာမှာပါ။ နာမည်ကြီး မင်းသားဖြစ်တော့ အလုပ်တွေ များပြားတယ်” ဟု ၎င်းကဆိုသည်။

ဂျက်လီ ဖောင်ဒေးရှင်းက လှူဒါန်းသည့် အားကစားနှင့် ပတ်သက်သည့် ကစားစရာများကို မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ လာရောက် အပ်နှံသွားပြီး တရုတ်နှစ်သစ်ကူး ပြီးသည့်အချိန်တွင် ၎င်းတို့ လှူဒါန်းသည့် ကျောင်းများသို့ သွားရောက် တပ်ဆင်ပေးမည် ဖြစ်ကြောင်း စဥ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန် ရှိသူများက ပြောကြားသည်။
“ကလေးတွေ ဗီဒီယိုဂိမ်းဆိုင်မှာ အချိန်ဖြုန်းနေတဲ့ အနေအထားရှိတဲ့ အချိန်မှာ ဂျက်လီက သိုင်းပညာ လာသင်ပေးမယ်ဆိုတော့ ကလေးတွေရဲ့အားကစား စိတ်ဓာတ်ကိုလည်း တစ်နည်းတစ်ဖုံ မြှင့်တင်ပေးရာ ရောက်တဲ့အတွက် ကြိုဆိုပါတယ်” ဟု မန္တလေးမြို့ အခြေစိုက် ကလေးချစ်သူများ ကွန်ရက်မှ ဦးတင်ထွန်းအောင်က ဆိုသည်။

ဂျက်လီဖောင်ဒေးရှင်းက အားကစားပစ္စည်းများ လာရောက် လှူဒါန်းသည့် ကျောင်းနှစ်ကျောင်းသည် မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၃ ခုနှစ်က လှုပ်ခဲ့သည့် ငလျင်ဘေးဒဏ် အကြီးအကျယ် ခံရသည့် ကျောင်းများ ဖြစ်ကြောင်း၊ မြန်မာငွေ ကျပ်သိန်းပေါင်းငါးရာ ကုန်ကျခံပြီး အားကစားပစ္စည်းများကို လာရောက် လှူဒါန်းရခြင်း ဖြစ်ကြောင်း၊ ယင်းကဲ့သို့ လာရောက် လှူဒါန်းမှုကို မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းမှတစ်ဆင့် စီစဉ်ခဲ့ခြင်း ဖြစ်ပြီး သိုင်းပညာ သင်ကြားပေးမည့် အစီအစဉ်ကိုလည်း ဂျက်လီ ဖောင်ဒေးရှင်းက မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်းဝင်များကို ဦးစွာ အသိပေးခဲ့ခြင်း ဖြစ်ကြောင်း မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်းဝင်များက ပြောကြားသည်။

ဂျက်လီ ဖောင်ဒေးရှင်းသည် တရုတ်နိုင်ငံတွင် သဘာဝ ဘေးအန္တရာယ် ကျရောက်သည့် ဒေသများကို သွားရောက် လှူဒါန်းရန်အတွက် တရုတ်ပြည်သူ တစ်ဦးလျှင် တစ်ယွမ်နှုန်း စုဆောင်းပြီး ဖွဲ့ထားသော ဖောင်ဒေးရှင်းဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံများတွင် သဘာဝ ဘေးအန္တရာယ်အတွက် မြန်မာနိုင်ငံကို ပထမဆုံး လာရောက်ခဲ့သည့် ဖောင်ဒေးရှင်း ဖြစ်သည်။

တရုတ် ရုပ်ရှင်သရုပ်ဆောင် ဂျက်ကီချမ်းသည်လည်း ၂၀၁၃ ခုနှစ်တွင် မန္တလေးမြို့ပေါ်ရှိ အထကကျောင်းများသို့ သွားရောက် လည်ပတ်ခဲ့ဖူးသည်ဟု မန္တလေးအခြေစိုက် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းဝင်များထံမှ သိရှိရသည်။

၁၉၆၃ ခုနှစ်တွင် မွေးဖွားခဲ့သော နာမည်ကျော် တရုတ်ကွန်ဖူး သရုပ်ဆောင် ဂျက်လီသည် ရုပ်ရှင်ဇာတ်ကားပေါင်း များစွာကို ရိုက်ကူးထားပြီး ၂၀၁၃ ခုနှစ် အတွင်းတွင် ရိုက်ကူးလျက်ရှိသော The Expendables 3 တွင် ပါဝင် သရုပ်ဆောင်ထားသည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template