Headlines News :
Home » » တစ်ပါတီနှင့် တစ်ပါတီ အပြုတ်တိုက်မည် ဆိုပါက အမျိုးသား ပြန်လည် သင့်မြတ်ရေးတွင် အခက်အခဲရှိနိုင်ဟု သူရဦးရွှေမန်းဆို

တစ်ပါတီနှင့် တစ်ပါတီ အပြုတ်တိုက်မည် ဆိုပါက အမျိုးသား ပြန်လည် သင့်မြတ်ရေးတွင် အခက်အခဲရှိနိုင်ဟု သူရဦးရွှေမန်းဆို

Written By လွင့်မောင်မောင် on Sunday, January 26, 2014 | 10:51 AM


မုံရွာ၊ ဇန်နဝါရီ ၂၅

မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် နိုင်ငံရေးပါတီများ အနေနှင့် တစ်ပါတီနှင့် တစ်ပါတီ ရန်သူလို သဘောထားပြီး အပြုတ်တိုက်မည် ဆိုပါက အမျိုးသား ပြန်လည် သင့်မြတ်ရေးတွင် များစွာအခက်အခဲ ရှိနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရ ဦးရွှေမန်းက ဇန်နဝါရီလ၂၅ ရက်နေ့ မုံရွာ မြို့တော်ခန်းမတွင် ပြုလုပ်သော တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
“ပါတီအချင်းချင်း ရန်သူမဟုတ်ဘူး။ ရန်ဘက်လို သဘောမထားပါနဲ့။ လုပ်ဖော် ကိုင်ဖက်လို သဘောထားပါ၊ လွှတ်တော်ထဲမှာလည်း ဒီလိုပဲ သဘောထားပါတယ်” ဟု ၎င်းက တွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပါတီတစ်ခုနှင့်တစ်ခု ရန်ပြုမည် ရန်ဘက်ဖြစ်မည် အပြုတ်တိုက်မည် အသေသတ်မည်ဆိုလျှင် နိုင်သည့်ပါတီ တစ်ခုတည်းသာလျှင် ကျန်ခဲ့မည် ဖြစ်ပြီး အခြားပါတီများ မရှိတော့ပါက ပါတီစုံ ဒီမိုကရေစီ မရှိသည့်အတွက် ယနေ့ဖွံ့ဖြိုးနေသော အခြားနိုင်ငံများကဲ့သို့ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံဖြစ်ရန် ခဲယဉ်းသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆိုသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တိုင်းဒေသကြီး လွှတ်တော်မှ တာဝန်ရှိသူများ မြို့နယ်များမှ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များနှင့် အခြားပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များ လူဦးရေ ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး မြို့တော်မုံရွာမြို့တွင် ဆေးတက္ကသိုလ် ဖွင့်လှစ်နိုင်ရန် မုံရွာပြည်သူ့ဆေးရုံကြီး အားခုတင် ၅၀၀ သို့ တိုးမြှင့်ပေးရန် အားကစားနှင့် ကာယသိပ္ပံကျောင်း ဖွင့်လှစ်နိုင်ရေးနှင့် အထက်တန်းကျောင်း တစ်ကျောင်း တိုးချဲ့ ဖွင့်လှစ်ပေးရေးစသည့် အချက်များကို မြို့မိမြို့ဖများက တင်ပြ တောင်းဆို ဆွေးနွေးခဲ့ကြသည်။
The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template