ကော့သောင်း ၊ ဇန်န၀ါရီ ၂၆ ။ ။
ကော့ သောင်းမြို့နယ် အောင် ဘာကျေး ရွာအုပ်စု
ညောင်ဝိကျေးရွာတွင် ရွာသားများခံစားနေရသည့် အမည်မသိရောဂါအဖြေရှာရန် အတွက်
ကမ်းခြေရှိ ပျက်စီးနေ သည့် ရေညှိများအား ရန်ကုန် မြို့နှင့်
ဘန်ကောက်မြို့တို့ရှိ ဓာတ် ခွဲခန်းများသို့ ပေးပို့ထားကြောင်း
ညောင်ဝိကျေးရွာသို့ ဆေးသွား ကုသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
(NLD)ကျန်းမာရေး ကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာခင် မောင်ဝင်းက ပြောကြားသည်။
အကြောင်းရင်းမသိရဘဲ နှာခေါင်း ပူစပ်ပူလောင်ဖြစ် ခြင်း၊ မျက်နှာရောင်ပြီး
ပူစပ်ပူ လောင်ဖြစ်ခြင်း၊ တချို့မှာ ယား ယံခြင်း၊ အဖုအပိမ့် ထွက်ခြင်း၊
နှပ်ရည်ကြည်အကျများသူများ တွင် သွေးစေ လးများပါခြင်း၊ မျက်ရည်ပူကျခြင်း
စသည့်ဝေ ဒနာများခံစား ခဲ့ရပြီး ရွာသူရွာ သားများ မှာ ဝေဒနာသက်သာ
သည့်အခြေအနေ တွင် ရှိနေ သော်လည်း ဖြစ်ပွားရ သည့်အ ကြောင်းအရင်း အား အဖြေရှာ
ရန်အတွက် ပင်လယ်ကမ်းခြေ ရှိ ပျက်စီးနေသည့်ရေညှိများ ကို
ဓာတ်ခွဲစမ်းသပ်ရန်ပေး ပို့ထား ကြောင်း ဒေါက်တာခင်မောင် ၀င်းက ပြောသည်။
““ရောဂါလက္ခဏာထဲမှာ ခဲဆိပ်လက္ခဏာ မတွေ့ရဘူး။ ညောင်ဝိ မှာ ရှေ့ကမ်းနောက်
ကမ်းရှိတာတောင် ရှေ့ကမ်း မှာပဲ ဒီဝေဒနာခံစားရပြီး နောက် ကမ်းမှာတော့
ဘာမှမဖြစ်ဘူး”” ဟု ဒေါက်တာခင်မောင်ဝင်း က ရှင်းပြသည်။
သာမန်ထက်ပိုသည့် သွေး ယားရောဂါတစ်မျိုး၏လက္ခ ဏာ နှင့်တူပြီး ပင်လယ်ကမ်းနားမှ
တိုက်ခိုက်သည့်လေကို ရှူမိသည့် အခါ ယင်းရောဂါဖြစ်သည်ဟု ပြောဆိုသည့်အတွက်
လေထု အတွင်း မမြင်နိုင်သည့်အမှုန် အမွှားများနှင့် အခိုးအငွေ့တွေ
ကြောင့်ဖြစ်နိုင်သကဲ့သို့ ကမ်း ခြေတွင် ယခင်ကထက်ပိုများ ပြီး
လာတင်နေသည့်ရေညှိများ ပျက်စီးရာမှ ထွက်လာသည့် အနံ့အသက်တွေကြောင့်လည်း
ဖြစ်နိုင်ကြောင်း ၎င်းင်းက ရှင်းပြ သည်။
““ဒီရောဂါမျိုးက တစ်သက် လုံးဖြစ်နေတဲ့ရောဂါမျိုးမဟုတ် ဘူး။ ကောင်းလိုက် ဖြစ်လိုက် ဖြစ်နေမှာပဲ””ဟု ၎င်းင်းက ရှင်းပြ သည်။
ရွာသူရွာသားများမှာ ဇန် န၀ါရီ ၁၁ရက်တွင် ရောဂါစ ဖြစ်ပြီး ၁၃ရက်တွင် အခြေအနေ
ပိုဆိုးလာသည့်အတွက် အောင် ဘာကျေးရွာမှ ကျန်းမာရေးမှူး နှင့်အဖွဲ့က
ညောင်ဝိတွင် လူနာ ၁၈၁ဦးကို စပြီး ဆေးကုသမှု ပေးခဲ့ကာ ၂၀ရက်တွင် ကျန်း
မာရေးအခြေအနေမှာ စိုးရိမ် လက္ခဏာမတွေ့ရတော့ကြောင်း ဒေါက်တာခင်မောင်ဝင်းက
ဆိုသည်။
““ပင်လယ်ပြင်ကတိုက်တဲ့ လေထဲမှာတွေ့ရတဲ့ ရေငွေ့တွေ ကို
လက်ဖြန့်ကိုင်ကြည့်တဲ့အခါ ရေငွေ့တွေ လက်မှာမတင်ဘဲ မည်းမည်းအမှုန်တွေ ကပ်ငြိ
ပါလာတယ်””ဟု ကျေးရွာရှိအမျိုး သမီးတစ်ဦးက ပြောသည်။
ယင်းကျေးရွာသည် မြန် မာနိုင်ငံတောင်ဘက် စွန်း ကော့ သောင်းမြို့မှ မြောက်
ဘက်မိုင် ၆၀ကျော်အကွာတွင် တည်ရှိ ပြီး အိမ်ခြေ ၇၀၊ လူဦးရေ ၂၀၀ ကျော်ဖြင့်
တံငါလုပ်ငန်းဖြင့် အ ဓိကအသက်မွေးသောရွာတစ် ရွာဖြစ်သည်။
Dawei Watch / Yangon Media Group