
၂၀၁၃
ခုနှစ် မေလ ၁၈ရက် နံနက် ၁၀ နာရီမှ ၁၁ နာရီအထိကျင်းပခဲ့သော Gwangju May 18
Memorial day အခမ်းအနားသို့ ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်း ) မှ မင်းကိုနိုင်၊ ကိုဂျင်မီ၊
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(
ABSDF ) ဥက္ကဌကိုသံခဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( လွတ်မြောက်နယ်မြေ )
ကိုရီးယားဌာနခွဲဥက္ကဌ ကိုနေထွန်းနိုင်တို့ တက်ရောက်ခဲ့ကြပါသည်။
ည ၈ နာရီမှ
၁၀ နာရီခွဲအထိ ကျင်းပခဲ့သော ကိုရီးယားရောက် မြန်မာတိုင်းရင်းသားများနှင့်
၈၈ မျိုးဆက် ခေါင်းဆောင်များ တွေ့ဆုံပွဲကို လူ ၈၀ ခန့် တက်ရောက်ခဲ့သည်။

ယခုတွေ့ဆုံပွဲတွင် မင်းကိုနိုင်နှင့် ယနေ့ညနေ ၇ နာရီ အချိန်မှ
ကိုရီးယားသို့ရောက်ရှိလာသော ကိုကိုကြီး တို့မှ ယနေ့ မြန်မာနိုင်ငံအရေး
ကိစ္စများကို ဦးဆောင် ဆွေးနွေးခဲ့ကြပြီး မြန်မာမိသားစုများမှလည်း အပြန်လှန်
ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲ ရလာဒ်များမှာ အလွန်ကောင်းမွန်ပြီး
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ပိုမို၍ တက်ကြွ
ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်သွားရေးကိုလည်း သဘောတူခဲ့ကြသည်။
![]() | |
၂၀၁၃ ခုနှစ် မေလ ၁၈ရက် နံနက် ၁၀ နာရီမှ ၁၁ နာရီအထိကျင်းပခဲ့သော Gwangju May 18 Memorial day အခမ်းအနားသို့ ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ) မှ မင်းကိုနိုင်နှင့် ကိုဂျင်မီတို့ တက်ရောက်ခဲ့ကြပါသည်။ |