ရန်ကုန်၊ မေ ၂၅ _ သီလ၀ါဆိပ်ကမ်း အထူးစီးပွားရေးဇုန် ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အပါအ၀င် ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ရေပေးဝေရေးလျှပ်စစ်မီးရရှိရေးတွေမှာ ဂျပန်နိုင်ငံက ရင်းနှီးမြုပ်နှံသွားဖို့ ရှိတယ်လို့ မေလ ၂၅ရက်က ပြုလုပ်တဲ့ ဂျပန်- မြန်မာ စီးပွားရေးအလုပ်ရုံဆွေးနွေးပွဲမှ သိရပါတယ်။
_ "အခုကစပြီး နောက်နှစ်ပေါင်းများစွာမြန်မာပြည်သူတွေနဲ့ လက်တွဲပြီးလုပ်ကိုင်သွားစရာတွေရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) က ဆိုပါတယ်။
လူမွန် Kumudra
===========================================
မြန်မာပြည်ကိုလာတာဟာလတ်တလောစီးပွားရေးလုပ်ဖို့ ထက်မြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုအားပေးဖို့ဖြစ်တယ်လို့ရှင်ဇိုအာဘေးကပြောပါတယ်။
BBC
***********************************************************
သီလ၀ါ အထူးစီးပွားရေး ဇုန် အကောင်အထည်ဖော်ရေး ဂျပန်နှင့် မြန်မာ အစိုးရ အကြား MOU ရေးထိုး
ရန်ကုန် မေ ၂၅
ဂျပန်နှင့် မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ သီလ၀ါ အထူးစီးပွားရေးဇုန်တည်ဆောက်ရေး အတွက် နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးပွဲကို ယနေ့နံနက်ပိုင်း က သီလ၀ါ အထူးစီးပွားရေးဇုန် ၌ ကျင်းပခဲ့သည်။
ထိုသဘောတူ လတ်မှတ်ရေးထိုးပွဲကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တက်ရောက်ခဲ့ပြီး ယခုနှစ်အောက်တိုဘာလ အတွင်းတည်ဆောက်မှု လုပ်ငန်းများကို စတင်သွားမည်ဖြစ်ကြောင်း ၊ အဆိုပါ အထူးစီးပွားရေးဇုန် ၌ မြန်မာ - ဂျပန် နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် များ ပူးပေါင်းကာ သယ်ယူပို့ဆောင်ရေး ၊ စွမ်းအင်ဆိုင်ရာ များဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ သီလ၀ါ အထူးစီးပွားရေးဇုန်ဖြစ်ထွန်းအော
Popular Myanmar News Journal
====================================================
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI ) သို့ ယနေ့မွန်းလွဲ (၂) နာရီတွင် ရောက်ရှိလာပြီး တာဝန်ရှိသူများနှင့်
တွေ့ဆုံကာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ အမှတ်တရပစ္စည်းများ လဲလှယ်ခဲ့ကြသည်။
ဆုဝေ
===================================================
မူလတန်းကျောင်းက လွန်ဆွဲပွဲမှာ ၀င်နွှဲခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ်
Photo-BBC |
ဒေါ်အောင်ဆန်းစုကြည် နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး
Add caption |