Headlines News :
Home » » တရုတ်ပါမောက္ခနဲ့အဖွဲ့အား ၈၈ တို့ လက်ခံတွေ့ဆုံ

တရုတ်ပါမောက္ခနဲ့အဖွဲ့အား ၈၈ တို့ လက်ခံတွေ့ဆုံ

Written By လွင့်မောင်မောင် on Sunday, May 19, 2013 | 10:56 PM

Photo-88 Generation Students

တရုတ်နိုင်ငံက မြန်မာနဲ့ပတ်သက်ပြီး ထိတွေ့ဆက်ဆံမှု ပုံစံတွေ အပြောင်းအလဲ လုပ်လာရာမှာ အခု နောက်ဆုံး ဖြစ်ရပ်တခုကတော့ တရုတ်နိုင်ငံ ယူနန် အကယ်ဒမီက ပါမောက္ခနဲ့ အဖွဲ့ဟာ ၈၈ မျိုး ဆက်ကျောင်း ( ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးခန်းကို လာတွေ့ခဲ့ ပါပဲဖြစ်ပါတယ်။ 

ဒီကနေ့ ညနေ ၄ နာရီက Institute of Southeast Asian Studies Yunnan Academy of Social Sciences မှ ပါမောက္ခ Chen Tie Jun နှင့်အဖွဲ့ဟာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဖြစ် တဲ့ ဦးမြအေး၊ ဦးပြုံးချို၊ ဦးအံ့ဘွယ်ကျော်၊ ဦးဗသက်အောင်၊ ဒေါ်မီမီလွင်နှင့် ဒေါ်စန်းစန်းမော် တို့နဲ့ တွေ့ဆုံ 
ဆွေးနွေးခဲ့ကြတာပါ။  
အရင်တုန်းက တရုတ်နိုင်ငံအနေနဲ့ အစိုးရချင်း ဆက်ဆံရေးသာ ရှိခဲ့ပေမယ့် အခုတော့ တရုတ်နိုင်ငံသား 
တွေနဲ့ မြန်မာနိုင်ငံသားတွေ ထိတွေ့ဆက်ဆံလာတဲ့အခြေအနေရောက်လာခဲ့တာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်
ကျောင်းသားတွေက စတင် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

ဒီနောက်မှာတော့ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေ၊ စီမံကိန်းကိစ္စတွေ ကိစ္စတွေ၊ တရုတ် -မြန်မာ၂ နိုင်ငံ ဆက်ဆံရေး ကိစ္စတွေကို တရုတ်ပါမောက္ခနဲ့ အဖွဲ့နဲ့ ၈၈ ကျောင်းသား တို့ကြား ပွင့်ပွင့်လင်းလင်း အပြန်အလှန် ဆွေးနွေး ခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားတွေက ဆိုပါတယ်။
ဦးမြအေးက “ မြန်မာနိုင်ငံ၏ လက်ရှိ ဒီမိုကရေစီရေးအပြောင်းအလဲကာလ တိုးတက်ရေးအတွက် တရုတ် 
နိုင်ငံက ပါဝင်ကူညီနိုင်မည်ဟု မျှော်လင့်သည့် အကြောင်း၊ ကချင်ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံ အနေဖြင့် အပြုသဘော ကူညီဆောင်ရွက်ပေးစေချင်ကြောင်း၊ စီမံကိန်းကိစ္စ ရပ်များဆောင် ရွက်သည့် အခါတွင်လည်း ဒေသခံများအကျိုး၊ မြန်မာနိုင်ငံပြည်သူများအကျိုးကို ကြည့်စေလိုကြောင်း ဆွေးနွေးခဲ့ပါတယ်။ 

ဆက်လက်ပြီး ဦးမြအေးက  မြစ်ဆုံ ရေကာတာ စီမံကိန်းနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံသားများ အားလုံးသည် သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှုအရ၊ လူမှုစီးပွားရေးအရ ဧရာဝတီမြစ်ကြီး အပေါ်တွင် သံယောဇဉ်ကြီးစွာ တန်ဖိုး ထားကြကြောင်း၊ ကချင်တိုင်းရင်းသားများ အနေဖြင့်လည်း မြစ်ဆုံ ဒေသကို ၎င်းတို့၏ ဒေသ ဆိုင်ရာအ ထိမ်းအမှတ်အဖြစ် အထူးတန်ဖိုးထားကြကြောင်း၊ မြစ်ဆုံစီမံကိန်းမှ ရရှိမည့် အကျိုး ကျေးဇူးများမှာ လည်း မြန်မာနိုင်ငံအတွက် အထူးပင် နည်းပါးလွန်းနေကြောင်း၊ သို့ပါ၍ မြစ်ဆုံ 
ရေအား လျှပ်စစ် စီမံကိန်းတစ်ခုလုံးကို အပြီးတိုင် ရပ်ဆိုင်းပေးပါရန် မေတ္တာရပ်ခံလို ပါကြောင်း” ပြောကြား သွားခဲ့တယို့ ၈၈ မျိုးဆက်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ 

ဒီအပြင် ဦးပြုံးချိုနဲ့ ဦးအံ့ဘွယ်ကျော်တို့ကလည်း “တရုတ်နိုင်ငံပြည်သူနှင့် မြန်မာနိုင်ငံပြည်သူများအကြား ထိစပ် ဆက်ဆံရေးသည် အရေးပါကြောင်း၊ မြန်မာပြည်သူတို့၏ အကျိုးစီးပွားများ ထိခိုက်ပျက်စီးစေမှုများကို တရုတ်နိုင်ငံပြည်သူများ အနေဖြင့် နားလည်သဘောပေါက်လာစေလိုကြောင်း၊ တရုတ်မြန်မာ ရေရှည် ချစ်ကြည်ရေး အတွက် ပြည်သူအချင်းချင်း အပြန်အလှန် နားလည်စာနာနိုင်ရန် ပါမောက္ခများအဖွဲ့မှ ဆက် လက် တင်ပြ ပေးစေလိုကြောင်း” ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ 

မမီမီလွင်မှလည်း တရုတ်မြန်မာနယ်စပ် လူကုန်ကူးမှုဖြစ်ရပ်များကို နှစ်ဘက်ပြည်သူများ ပူးပေါင်း တားဆီး သွားနိုင်ရန်၊ တရုတ်နိုင်ငံရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် ကချင်စစ်ဘေးရှောင်ပြည်သူများကို ကူညီစောင့်ရှောက်ပေးပါရန် ကိစ္စရပ်များကို အကြံပြုပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့ ၄င်းတို့ရဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံထားကြတဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေကို အဆုံးအရှုံးမခံလိုတာကြောင့် ယခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအပါအ၀င် အတိုက်အခံတွေ ကိုလည်း လိုက်လံထိတွေ့ ဆက်ဆံမှုတွေ လုပ်နေကြတာဖြစ်ပါတယ်။ 
ဧရာဝတီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template