Headlines News :
Home » » ၈၈ တွေ အမည် ပြောင်းပြီ

၈၈ တွေ အမည် ပြောင်းပြီ

Written By လွင့်မောင်မောင် on Sunday, May 19, 2013 | 6:47 PM

၁၉၈၈ ခုနှစ်က ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ ရှေ့တန်းက ပါဝင်ဦးဆောင်ခဲ့ကြသူတွေပါဝင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ဖေ့စ်ဘုတ်အမည်ကို ယနေ့စတင် ပြောင်းလဲလိုက်တယ် လို့ သိရပါတယ်။ 



 "၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၏ Facebook အမည်အား “88 Generation Students” မှ The 88 Generation Peace and Open Society အဖြစ် ၂၀၁၃ခုနှစ်၊ မေလ၊ ၁၉ ရက်နေ့ မှစ၍ Facebook အမည် ပြောင်းလဲလိုက်ပါသည်" လို့ ၈၈ မျိုးဆက်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက တဆင့် အသိပေးလာပါတယ်။ 

စာမျက်နှာ အသစ်က https://www.facebook.com/The88Generation ဖြစ်ပါတယ်။

ဘယ်လိုကြောင့် အမည်ပြောင်းလဲလိုက်တယ်ဆိုတာ သေချာ မသိရသေးပေမယ့် အခု သူတို့ လုပ်ဆောင်
နေ တဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းအမည်ကို အဓိက အသုံးပြုလိုက်တာဖြစ်နေတာ ကိုတော့ တွေ့ရပါတယ်။ 

ယခင် စာမျက်နှာ 88 Generation Students ဆိုတဲ့ ဖေ့စ်ဘုတ်စာမျက်နှာဟာ Like လုပ်ထားသူပေါင်း ၁ သောင်း ၇ ထောင်ကျော် ရှိပြီး ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး အစရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေက သူတို့ရဲ့ လှုပ်ရှားမှုတွေကို အဲဒီစာမျက်နှာက အသိပေးလေ့ရှိတာပါ။


အိမ့်သံစဉ် ~ဧရာဝတီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template