Headlines News :
Home » » ဗုံးသီးဟောင်းအား ၀ိုင်းကြည့်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား

ဗုံးသီးဟောင်းအား ၀ိုင်းကြည့်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား

Written By လွင့်မောင်မောင် on Tuesday, May 21, 2013 | 6:34 PM

 နေပြည်တော်၊ မေ ၂၁
၂၀-၅-၂၀၁၃ ရက်နေ့ ၁၁၅၀ အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းတိုက်နယ် ဆေးရုံသို့ မိုင်းစထိမှန်ဒဏ်ရာရသူ ၄ ဦး ရောက်ရှိနေကြောင်းသတင်းအရ လုံးခင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ဖားကန့်မြို့နယ်၊ ကုဋေကျေးရွာနေ ဦးအားစင်(၃၀)နှစ်တွင် ၀ဲဘက်ဝမ်းဗိုက်ပေါက်ပြဲ၊ ၀ဲနောက်ကြောပေါက်ပြဲဒဏ်ရာများနှင့် တစ်ရွာတည်းနေ ဦးလတောင်(၄၈)နှစ် ပါ ၃ ဦးတို့တွင် ၀ဲ/ယာပေါင်ပေါက်ပြဲ၊ ၀မ်းဗိုက်ပေါက်ပြဲ၊ ၀ဲ/ယာခြေထောက်ပေါက်ပြဲ၊ ၀ဲလက်သူကြွယ် ပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိကြောင်း တွေ့ရှိရသည်။
စစ်ဆေးချက်အရ ယင်းနေ့ ၁၁၀၀ အချိန် အလယ်စခန်းကျေးရွာရှိ ဦးလတောင်၏ နေအိမ်မီးဖိုချောင်အဟောင်းအား

 ဦးအားစင် ပါ ၄ ဦးမှ ပြန်လည်ပြုပြင်ရန်အတွက် မြေကျင်းတူးရာ
 မြေကြီးထဲမှဗုံးသီးဟောင်း ၁ လုံးထွက်ပေါ်လာသဖြင့် ၀ိုင်းဝန်းကြည့်ရှုနေစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး ဒဏ်ရာများအသီးသီးရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template