Headlines News :
Home » » ဂျပန်ဝန်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ဂျပန်ဝန်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

Written By လွင့်မောင်မောင် on Saturday, May 25, 2013 | 11:09 PM

ဓာတ်ပုံ- ကျော်စိုးနိုင်
မြန်မာနိုင်ငံကို ၃၆ နှစ်အတွင်း ပထမဆုံး လာရောက်တဲ့ ဂျပန် ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ချက်ထရီယံ ဟိုတယ်မှာ ယနေ့ တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီလိုတွေ့ဆုံမှုမှာ အသေးစိပ်ဘာတွေ ဆွေးနွေးတယ်ဆိုတာ အတိအကျမသိရသေးပေမယ့် မြန်မာ့လူမှု စီးပွား ဖွံ့ဖြိုးရေး ကိစ္စ ဂျပန်က ကူညီမယ့် ကိစ္စအပါအ၀င် မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံက ရင်းနှီးမြှု့ပ်နှံမှုတွေ ပိုတိုးပြီးလုပ်မယ် ကိစ္စတွေ ပါဝယ်မှာဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကြာသေးမီက ဂျပန်နိုင်ငံ ခရီးစဉ်အတွင်းမှာလည်း  ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ 

ဂျပန်ဝန်ကြီးချုပ် နှင့် ဇနီးတို့နှင့်အတူ ဂျပန် စီးပွားရေး လုပ်ငန်းရှင်ကြီး ၃၀ ကျော်တို့လည်း လိုက်ပါလာကြ တာဖြစ်ပါတယ်။ 

ဂျပန်ဝန်ကြီးချုပ်နဲ့ ဇနီးဟာ ယနေ့ နံနက်ပိုင်းက အာဇာနည်ကုန်းကို သွားရောက်ကာ အာဇာနည်ကြီးများ 
ကို လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ပါတယ်။ ဒီနောက် သီလ၀ါ ရေနက်ဆိပ်ကမ်းကိုလည်း ဂျပန်ဝန်ကြီးချုပ်နဲ့ အဖွဲ့ဟာ သွားရောက်လေ့လာခဲ့ပါတယ်။ 

ဂျပန်-မြန်မာ စီးပွားရေး ကုမ္ပဏီကြီးတွေ ပူးပေါင်းပြီး သီလ၀ါ အထူးစီးပွားရေးဇုံ ပူးပေါင်းဆောင်ရွက်သွားဖို့ လည်း ဒီကနေ့ လက်မှတ်ရေးထိုးလိုက်ကြပါသေးတယ်။  

ခရီးစဉ်ဟာ သမ္မတ ဦးသိန်းစိန်က ဖိတ်ကြားခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်နဲ့လည်း ၂ နိုင်ငံ အကျိုးတူ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး ကိစ္စတွေကို ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ ဂျပန် သတင်း
တွေက ရေးသားဖော်ပြနေကြပါတယ်။ 

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံအား ကမ္ဘာဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် တို့ကိုပေးရန် ရှိတဲ့ ကြွေးမြီ အမေရိကန်
ဒေါ်လာ ဘီလျံနဲ့ ချီပြီး ယာယီပေးဆပ်ခဲ့ပါတယ်။ 

ဂျပန်နိုင်ငံကလည်း မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ဆက်လက် အားပေးသွား မှာဖြစ်သည့်အပြင် တချို့ သတင်းတွေ အဆို အရ မြန်မာ့ကြွေးမြီတွေကို လျှော်ပစ်ရန် စဉ်းစားမှုတွေ ရှိတယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဖော်ပြနေကြပါတယ်။ 

အိမ့်သံစဉ် ~
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template