Headlines News :
Home » » ကျူးကျော်ဘုန်းကြီးကျောင်းဖျက်၊ ကျောင်းထိုင်ဆရာတော် တရားစွဲခံရ

ကျူးကျော်ဘုန်းကြီးကျောင်းဖျက်၊ ကျောင်းထိုင်ဆရာတော် တရားစွဲခံရ

Written By လွင့်မောင်မောင် on Wednesday, May 22, 2013 | 9:02 PM

 May 22, 2013  
ရှမ်းပြည်နယ် တောင်ကြီးမှာ သက်ဆိုင်ရာက ကျူးကျော်ဘုန်းကြီးကျောင်းတကျောင်းက သံဃာအားလုံးကို လူဝတ်လဲလိုက်သလို ကျောင်းထိုင်ဘုန်းကြီးကို တရားစွဲဆိုလိုက်ပါတယ်။
တောင်ကြီး ဟိုပုန်းကားလမ်းဘေး၊ ကားကြီးကွင်းအနီးက သစ်တောမြေမှာ ကျူးကျော်ဆောက်လုပ်ထားတဲ့ ထင်းရှူးမြိုင်ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဦးက၀ိစာရအပါအ၀င် ၁၂ ပါးကို မနေ့ညနေက လူဝတ်လဲပြီး ကျောင်းကို ညပိုင်းမှာ ဖျက်လိုက်တာပါ။
ကျောင်းထိုင်ဆရာတော်ကို တောင်လေးလုံးထောင်ကို ပို့ဆောင်ပြီး သာသနာညှိုးနွမ်းစေမှု နဲ့ အမှုဖွင့်ထားပါတယ်။
ကျောင်းကိုမဖျက်ခင် မေ ၂၀ ရက်နေ့မှာ ဆရာတော် ဦးက၀ိစာရက ဦးစီးပြီး ကျောင်းမဖျက်ဖို့ သံဃာအပါး ၃၀၀ လောက်နဲ့ စီတန်းလှည့်လည်မယ်လို့ နယ်မြေခံအာဏာပိုင်တွေထံ ခွင့်ပြုချက်တောင်းခံခဲ့ပါတယ်။
ဒီကျောင်းကို ၂၀၀၀ ပြည့်နှစ်မှာ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး မနှစ်တုန်းက ကမ္ဘောဇ ဘောလုံးကွင်းဆောက်လုပ်မယ်ဆိုပြီး ကျောင်းကို ဖယ်ခိုင်းခဲ့ဖူးပါတယ်။ အခုတခါ ဆေးတက္ကသိုလ်ဆောက်လုပ်ဖို့ ရှိတယ်ဆိုပြီး ဖယ်ခိုင်းရာက ဖမ်းဆီးတရားစွဲတဲ့အထိ ဖြစ်ခဲ့တာပါ။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ တောင်ကြီးမြို့ လောကမာရ်အောင် ကျောင်းထိုင်ဆရာတော် ဦးခေမာနန္ဒက “၂၀၀၀ ခုနှစ်က တည်ထောင်ထားတော့ ပထမဦးဆုံး သူတို့က သစ်တောမြေကို ကျူးကျော်တယ်လို့ သတ်မှတ်ကြတယ်။ ဆေးတက္ကသိုလ်ဆောက်မှာလို့ သူတို့ပြောတယ်။ အခု ပုဒ်မ ၂၉၅ နဲ့ အမှုဖွင့်ထားတယ်။ တရားရုံးမှာ ရင်ဆိုင်ရမှာပေါ့။ ကျန်တဲ့ဘုန်းကြီးတွေကတော့ သင်္ကန်းပြန်မ၀တ်သေးဘူး။ သူတို့ပေးထားတဲ့အ၀တ်တွေနဲ့ ဒီကျောင်းမှာ ရောက်နေကြတယ်။ သူတို့ သင်္ကန်းဝတ်မှာ သာသနာစိတ်မှ မကုန်သေးတာ။”
ကျောင်းဖျက်ပြီး တရားစွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံဃာတော်အပါး ၄၀ လောက် ဒီနေ့ စီတန်းလှည့်လည်ခဲ့ကြသလို အခုလ ၂၇ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခွင့် တင်လိုက်တယ်လို့ နယ်မြေခံတဦးက ပြောပါတယ်။ 
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template