Headlines News :
Home » » ပုဂ္ဂလိကကျောင်းများသို့ ဘာသာရေးနှင့် သက်ဆိုင်သော ညွှန်ကြားချက်ထုတ်

ပုဂ္ဂလိကကျောင်းများသို့ ဘာသာရေးနှင့် သက်ဆိုင်သော ညွှန်ကြားချက်ထုတ်

Written By လွင့်မောင်မောင် on Saturday, May 25, 2013 | 12:20 PM


ရန်ကုန်၊ မေ- ၂၂

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကကျောင်းများ၌ ဘာသာရေးနှင့်ဆက်နွှယ်ဆောင်ရွက်ခြင်းများမပြုလုပ်ရန် မေ
၁၉ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ထား ကြောင်းသတင်းရရှိသည်။

ဘာသာရေးနှင့် ဆက်နွှယ်ဆောင်ရွက်ခြင်းမပြုရန်၊ ပုဂ္ဂလိက ကျောင်းများလိုက်နာဆောင်ရွက်ရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ညွှန်ကြားချက်ကို ရရှိထားကြောင်း ပုဂ္ဂလိကကျောင်းတည်ထောင်သူ
တစ်ဦးကပြောသည်။

“မနေ့ (မေ ၂၀ ရက်) ကပဲ စာသွားယူရတယ်။ ဘာသာရေးဆက်နွှယ်တာတွေ ဆောင်ရွက်ခြင်းမရှိစေရဆိုပြီး
ညွှန်ကြားချက်ထုတ်ထားတာပါ” ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

ရခိုင်ပြည်နယ်နှင့် မိတ္ထီလာမြို့နယ်တို့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အလားတူအဖြစ်အပျက်များ ထပ်မံဖြစ်ပွားမှုမရှိစေရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်း ပုဂ္ဂလိကကျောင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

လာမည့် ဇွန် ၃ ရက်တွင် အခြေ ခံပညာကျောင်းများ စတင်ဖွင့်လှစ်မည်ဖြစ်ရာ ယင်းမတိုင်မီ ပုဂ္ဂလိက ကျောင်းများအား ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးတွင် တရားဝင်မှတ်ပုံတင်ခွင့်ရရှိထားသော ကိုယ်ပိုင်သင်တန်းပေါင်း ၁၂၀၀ ကျော်ရှိနေပြီး ဘာသာရပ်ဆိုင်ရာ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာနှင့် ဘာသာစကားကျောင်းများကို မိမိ အစီအစဉ်ဖြင့် ဆောင်ရွက်နေကြကြောင်း သိရသည်။
7Day News
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template