Headlines News :
Home » » မြန်မာ့အပြောင်းအလဲ အိုဘားမားကြိုဆို၊ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ သတိပေး

မြန်မာ့အပြောင်းအလဲ အိုဘားမားကြိုဆို၊ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ သတိပေး

Written By လွင့်မောင်မောင် on Tuesday, May 21, 2013 | 7:19 PM


အမေရိကန် သမ္မတ အိုဘားမားဟာ မြန်မာသမ္မတ ဦးသိန်းစိန်ကို ဝါရှင်တန်ဒီစီ သမ္မတ အိမ်ဖြူတော်မှာ တနင်္လာနေ့ မွန်းလွဲပိုင်းက ကြိုဆိုတွေ့ဆုံခဲ့ပါတယ်။
သမ္မတနှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့ကြအပြီး သတင်းထောက်တွေကို  ပြောကြားခဲ့ကြရာမှာ သမ္မတ အိုဘားမားက ဦးသိန်းစိန်အစိုးရရဲ့  ပြုပြင်ပြောင်း လဲရေးဆောင်ရွက်မှုတွေကို ချီးကျူးလိုက်ပြီး၊ တချိန်တည်းမှာ  မြန်မာနိုင်ငံတွင်းက ဘာသာရေး ပဋိပက္ခတွေအပေါ် စိုးရိမ်ကြောင်း  ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအပေါ် ဆက်ဆံရေးပြောင်းလဲလာရတာက သမ္မတ ဦးသိန်းစိန်ရဲ့ ခေါင်းဆောင်မှုနဲ့ နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုတွေကြောင့်ဖြစ်ပါတယ်၊ သမ္မတဦးသိန်းစိန် ပြောခဲ့သလိုပဲ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းဟာ ခရီးရှည်ကြီးဖြစ်ပါတယ်၊  နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်၊ လက်နက်ကိုင် လူမျိုးစုတွေနဲ့လည်း အပစ်အခတ်ရပ်စဲရေးသာမက၊ နိုင်ငံရေးမှာ ပါဝင်ပူးပေါင်းနိုင်အောင် ဆောင်ရွက်မယ်လို့လည်း ပြောခဲ့ပါတယ်။
ဒါ့ပြင်မွတ်စလင်တွအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါ
အိုးအိမ်မဲ့ဖြစ်ပြီး၊ နေရာရွှေ့ပြောင်းရသူတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီဆက်ဆံပြီး အကူအညီတွေပေးရေးကိစ္စ သဘောတူခဲ့ကြပါတယ်၊ နိုင်ငံတကာကလည်း ကူညီမှာဖြစ်ပါတယ်၊ ဒါ့ပြင် အမေရိကန်ပြည်ထောင်စုရဲ့ အကူအညီတွေ ဥပမာ USAID ရဲ့ မြန်မာ့လယ်ယာစိုက်ပျိုးရေးလုပ်ငန်း အကူအညီ၊ ရန်ကုန်-မန္တလေး အမြန်လမ်းပြုပြင်ရေးစတဲ့ကိစ္စတွေလည် ဆွေးနွေးခဲ့ကြပါတယ်လို့ ပြောကြားခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်က ပြောကြားရာမှာ
"အမေရိကန်ပြည်ထောင်စုဟာ ၁၉၄၇ ခုနှစ် ကျွန်တော်တို့ လွတ်လပ်ရေးမရခင်ကာလတည်းက သံတမန်ဆက်သွယ်မှုရှိခဲ့ပါတယ်၊ ဟိုတုန်းကလည်း အကြီးအကဲတွေ လာရောက်လည်ပတ်မှုတွေ ရှိခဲ့ပါတယ်၊ အမှန်က သမိုင်းကြောင်းအရ ရင်းနှီးပြီးသားနိုင်ငံတွေဖြစ်ပါတယ်၊ သို့သော်လည်းပဲ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေးဟာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်၊ ကျွန်တော်ဆိုရင် နှစ်ပေါင်းများစွာအတွင်းမှာ မြန်မာနိုင်ငံရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ အခုလိုအမေရိကန်ကို ပထမဆုံးအကြိမ် လာရောက်ခွင့်ရတာဖြစ်ပါတယ်၊ ဒါကလည်း သမ္မတကြီး ဖိတ်ကြားပေးတဲ့အတွက်ကြောင့် အခုလိုလာရောက်ခွင့်ရတာဖြစ်ပါတယ်"
ဆက်လက်ပြီး ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ရပ်တန့်အောင် ဆောင်ရွက်မှာဖြစ်သလို၊ လှုံ့ဆော်သူတွေအားလုံးကိုလည်း တရားဥပဒေနဲ့အညီ အရေးယူမှာဖြစ်ကြောင်း၊ ခွဲခြားဆက်ဆံမှုမရှိရအောင်လည်း ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ အသွင်ကူးပြောင်းမှုတွေ အောင်မြင်အောင်၊ ဒီမိုကရေစီအမြစ်စွဲအောင်၊ အထီးကျန်ဘဝကို အတိတ်မှာထားရစ်ခဲ့နိုင်အောင်၊ တခြားအာရှနိုင်ငံတွေကို အမီလိုက်နိုင်အောင်၊ အကြမ်းဖက်မှုနဲ့ တိုက်ပွဲတွေရပ်ဆိုင်းအောင် ပြည်သူအားလုံးက ဘယ်လောက်ထိ ဆန္ဒပြင်းပြနေကြတယ်ဆိုတာ သိရှိပါကြောင်း၊ မြန်မာနိုင်ငံဟာ ကုန်သွယ်ရေးနဲ့ ပညာရေးအဆင့်မြှင့်ဖို့အတွက် အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အစွမ်းကုန်ကူညီမှုတွေကို လိုအပ်နေပါကြောင်း ပြောကြားခဲ့ပါတယ်။
သမ္မတ အိုဘားမားဟာ သတင်းစာရှင်းလင်းပွဲမှာ မြန်မာဆိုတဲ့အမည်ကို တစ်လျှောက်လုံး သုံးနှုန်းခဲ့ပါတယ်၊ ယဉ်ကျေးမှုသဘောနဲ့ သုံးနှုန်းတာဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရသူ ဂျေးကာနေးက ဆိုပါတယ်၊ ဂျေးကာနေးကတော့ Burma ရော Myanmar ပါ အမည်နှစ်မျိုးလုံး သုံးစွဲသွားခဲ့ပါတယ်။

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template