Headlines News :
Home » » ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေး နှိုးဆော်သူများ အစည်းအဝေးကျင်းပ

ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေး နှိုးဆော်သူများ အစည်းအဝေးကျင်းပ

Written By လွင့်မောင်မောင် on Friday, May 24, 2013 | 5:52 PM

7_july_union_building_305_z.jpg
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ တွေ့ရသော ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြစ်ပါသည်။ ဇူလိုင်လ ၈ ရက်နေ့တွင် စစ်တပ်၏ ဗုံးဖောက်ခွဲမှုကြောင့် ကျောင်းသားသမဂ္ဂ အဆောက်အဦ ပျက်ဆီးခဲ့ရပါသည်။ (မှတ်တမ်းဓါတ်ပုံ)

ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ- သမဂ္ဂ အဆောက်အဦး ပြန်လည်တည်ဆောက်ရေးအတွက် တိုက်တွန်းနှိုးဆော်သူတွေရဲ့ အစည်းအဝေးကို ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် စိတ်တိုင်းကျ စားသောက်ဆိုင်မှာ မနေ့ကကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးကနေ သဘောထားနဲ့ လုပ်ငန်းစဉ် ၃ ရပ် ချမှတ်ခဲ့တယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင်းလင်းလူ့အဖွဲ့အစည်း ကိုယ်စားလှယ်အဖြစ် အစည်းအဝေးတက်ရောက်ခဲ့သူ ကိုဗသက်အောင်က ပြောပါတယ်။

"နံပါတ် ၁ က ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ အဆောက် အအုံ ပြန်လည်တည်ဆောက်ရေးအတွက် စည်းရုံးနှိုးဆော် တိုက်တွန်းသူများ သာဖြစ်ကြောင်း၊ နံပါတ် ၂ အချက်က တကသ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဆောက်လုပ်ရေးရန်ပုံငွေ ရှာဖွေစုဆောင်းခြင်းလုပ်ငန်းတွေကို ကျနော်တို့ဆောင်ရွက်မှုမရှိသေးပါ၊ နံပါတ် ၃ က ခေတ်အဆက် ဆက် ကျောင်းသားမျိုးဆက်တွေရဲ့ အမြင်သဘောထားတွေကို ကျနော်တို့ကရယူမည်ဖြစ်တဲ့အတွက် လုပ်ငန်းစဉ် ၃ ရပ်ကို ချမှတ်လိုက်ပါတယ်"


လတ်တလော ရှေ့လုပ်ငန်းစဉ်အနေနဲ့ ရှင်သန်ဖူးဝေ ကန့်ကော်မြေစာအုပ်ကို လာမယ့်ဇွန်လအတွင်း ထုတ်ဝေဖြန့်ချိနိုင်ဖို့နဲ့ မူဝါဒသဘောထားအမြင်ကို လက်ကမ်းစာစောင်အနေနဲ့ ရိုက်နှိပ်ဖြန့်ဝေဖို့ ဆုံးဖြတ်တယ်လို့ သိရပါတယ်။ RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template