Headlines News :
Home » » သံဃာအယောင်ဆောင်၍ ပဋိပက္ခဖြစ်အောင်ကြိုးပမ်းမှု အချိန်မီထိန်းသိမ်းနိုင်

သံဃာအယောင်ဆောင်၍ ပဋိပက္ခဖြစ်အောင်ကြိုးပမ်းမှု အချိန်မီထိန်းသိမ်းနိုင်

Written By လွင့်မောင်မောင် on Thursday, May 23, 2013 | 11:08 PM


 
ရန်ကုန်၊ မေ- ၂၂

မိုးညှင်းမြို့နယ်၌ လူတစ်ဦးက သံဃာယောင်ဆောင်၍ ပဋိပက္ခဖြစ်အောင် ကြိုးပမ်းမှုကို အချိန်မီ
ထိန်းသိမ်းလိုက်နိုင်ကြောင်း မြို့နယ်သံဃာ့နာယက အတွင်းရေးမှူး ဆရာတော်ဦးဉာဏောက မိန့်ကြားသည်။

ဖြစ်စဉ်မှာ မေ ၂၀ ရက်ည ၉ နာရီခန့်က မိုးညှင်းဘူတာရုံ၌ သံဃာမှတ်ပုံတင်မရှိသော အတုအယောင်သံဃာတစ်ပါး
အရက်သေစာသောက်စားပြီး ရမ်းကားနေ၍ မိုးညှင်းမြို့နယ် ပညာရာမကျောင်းတိုက်မှ တိုက်အုပ်ဆရာတော်က
သွားရောက်ခေါ်ဆောင်ခဲ့ပြီး မြို့နယ်ရဲစခန်းတွင်အပ်နှံခဲ့သည်။

ယင်းအချိန်တွင် မြို့ခံမဟုတ်သော သူစိမ်းတစ်ဦးက ဆိုင်ကယ်အပြင်းမောင်းနှင်လျက် သံဃာတစ်ပါးအား လူအချို့မှ
ဖမ်းဆီးခေါ်ဆောင်သွားကြောင်း လိုက်အော်ခြင်းကြောင့် လူအများစုဝေးမိကာ ပညာရာမကျောင်းတိုက်သို့ရောက်ရှိချိန်
တွင် သတင်းကြား၍ အခြေအနေကို ထိန်းသိမ်းရန်လာရောက်သော ရဲများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း
ပညာရာမကျောင်းမှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

“လူတချို့က တုတ်တွေကိုင်ပြီး ကျောင်းကိုစောင့်နေတဲ့အချိန်မှာ အရင်ဆုံးရောက်လာတဲ့ ရဲတွေက
ယူနီဖောင်းဝတ်မထားဘဲ ၀င်ဖမ်းတော့ ရုန်းရင်းဆန်ခတ်စဖြစ်တာ၊ ယူနီဖောင်းဝတ်ရဲတွေ ရောက်လာပြီး
ပညာရာမကျောင်းတိုက် ဆရာတော်ကလည်းဝင်ဖြေရှင်းပေးလို့ ပြေလည်သွားတာ”ဟု ဦးဉာဏောက မိန့်သည်။

“အခြေအနေက တည်ငြိမ်သွားပါပြီ။ ပြဿနာ ထပ်မဖြစ် အောင်လည်း စောင့်ကြပ်နေပါတယ်။ မြို့ရဲ့အခြေအနေကတော့
တည်ငြိမ်ပါတယ်”ဟု မိုးညှင်းရဲစခန်းမှ ဒုရဲ အုပ် စောအောင်ဝင်းဝင်းက ပြော သည်။ မိုးညှင်းဘူတာတွင် ထိန်းသိမ်း
ခဲ့သော သံဃာအတုအယောင်မှာ ရခိုင်ပြည်နယ်ဘက်မှ လာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ကယ်နှင့်
မြို့ပေါ်ရပ်ကွက်များသို့ ပတ်ကာပဋိပက္ခဖြစ်ရန် လှုံ့ဆော် သွားသူကိုလည်း ရဲစခန်းနှင့် မြို့နေလူထုက စုံစမ်းနေကြောင်း သတင်းရရှိသည်။

7 Day News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template