KNU ဗိုလ်မှူးကြီး နဒါးမြ သြစီပါလီမန်မှာ တိုင်းရင်းသားအရေး ပြောမယ်
ကရင်အမျိုးသား အစည်းအရုံး KNU
ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မြရဲ့ သားတဦးဖြစ်သူ ဗိုလ်မှူးကြီး နဒါးမြဟာ
တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့အတူ သြစတေးလျ ပါလီမန်ကို
တက်
ရောက်ကာ KNU ကိုယ်စား ဧည့်သည် တဦး အနေနဲ့ မေလ ၂၇ ရက်နေ့မှာ စကားပြောဖို့ ရှိတယ်လို့ သတင်းရပါတယ်။
ဗိုလ်မှူးကြီး နဒါးမြ ပြောမယ့်
ခေါင်းစဉ်ကတော့ မြန်မာနိုင်ငံက လူနည်းစု တိုင်းရင်းသားတွေရဲ့ အရေး ဘယ်လို
ဖြစ်လာမလဲ ဆိုတာကို ဒေသစံတော်ချိန် မနက်၈ နာရီကနေ ၉ နာရီထိ ၁ နာရီ
ကြာဆွေးနွေး
ပြောကြားမှာဖြစ်ပါတယ်။
ဗိုလ်မှူးကြီး နဒါးမြကို သြစတေးလျ
လွှတ်တော် အမတ် Luke Simpkins နဲ့ အနောက် သြစတေးလျက အထက်လွှတ်တော် အမတ် Dean
တို့က တာဝန်ယူ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။
အိမ့်သံစဉ် ~ဧရာဝတီ