Headlines News :
Home » » ဂျပန် ဝန်ကြီးချုပ်နဲ့ စီးပွားရေးလုပ်ငန်းရှင် များ မြန်မာနိုင်ငံ ရောက်ရှိ

ဂျပန် ဝန်ကြီးချုပ်နဲ့ စီးပွားရေးလုပ်ငန်းရှင် များ မြန်မာနိုင်ငံ ရောက်ရှိ

Written By လွင့်မောင်မောင် on Saturday, May 25, 2013 | 12:54 PM

dassk-japan-pm-305.jpg
ဂျပန်ဝန်ကြီးချုပ်ရုံးခန်းမှာ ဧပြီလ ၁၈ ရက်နေ့က ဒေါ်အောင် ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး(Shinzo Abe) တို့ တွေ့ဆုံကြစဉ်
photo: AFP

ဂျပန်နိုင်ငံ ၀န်ကြီးချုပ် Shinzo Abe ဟာ နှစ်ပေါင်း ၃၆ နှစ်အတွင်း ပထမဆုံး ဂျပန်ဝန်ကြီးချုပ်တစ်ဦးရဲ့ မြန်မာနိုင်ငံခရီးစဉ်အဖြစ်  ဒီနေ့ညနေ ၅ နာရီလောက်မှာ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်ကို ရောက်ရှိလာပါတယ်။
မြန်မာနိုင်ငံမှာ သုံးရက်ကြာ နေထိုင်စဉ်အတွင်း ၀န်ကြီးချုပ် Shinzo Abe ဟာ သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်စတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
မနက်ဖြန် မေလ ၂၅ ရက်နေ့ မနက်ပိုင်းမှာ သူဟာ ရန်ကုန်မြို့ တဘက်ကမ်းရှိ မြေဧက ၅၉၀၀ ကျယ်ဝန်းတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်ကို သွားရောက်ကြည့်ရှုဖို့ရှိပါတယ်။ ဒီနောက် နေ့လည်ပိုင်းမှာ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စက်မှုလက်မှု ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း UMFCCI  အဆောက်အဦးမှာ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဂျပန်ဝန်ကြီးချုပ်နဲ့အတူ ဂျပန်စီးပွားရေး လုပ်ငန်းရှင် အများအပြားလိုက်ပါလာပြီး နှစ်နိုင်ငံရင်းနှီးမြှပ်နှံမှုအတွက် သဘောတူညီချက်တွေ ချုပ်ဆိုကြမယ်လို့လည်း သိရပါတယ်။
RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template