Headlines News :
Home » » မဟာစင် နှင့် တာဝန်မဲ့ ဒေ၀ူးကုမ္ပဏီ

မဟာစင် နှင့် တာဝန်မဲ့ ဒေ၀ူးကုမ္ပဏီ

Written By လွင့်မောင်မောင် on Friday, May 24, 2013 | 8:14 AM

 
 ဒေ၀ူးကုမ္ပဏီ၏ ရခိုင်ကမ်းလွန် ပင်လယ်ပြင် ရှိ သဘာဝဓာတ်ငွေ့တူးစင်တွင် မြန်မာနိုင်ငံသား၊ ကိုရီးယားနိုင်ငံသား၊ ဖိလစ်ပိုင်နိုင်ငံသား နှင့် တခြား အနောက်နိုင်ငံသားများ တာဝန်ထမ်းဆောင်နေ ကြပါသည်။

မေလ၁၆ ရက်နေ့တွင် တိုက်ခိုက်သော မဟာဆင်မုန်တိုင်း သတင်းကို ကုမ္ပဏီမှ မေလ ၁၁
ရက်နေ့က စတင်သတင်း ရရှိ ခဲ့ပါသည်။

ထိုနေ.ရက်မှ စတင်ကာ မုန်တိုင်းလမ်းကြောင်း နှင့် အခြေအနေ အရပ်ရပ်ကို ဂရုပြုစောင့်ကြည်နေခဲ.ရာမှ မေလ ၁၃ ရက်နေ့ ညတွင် တူးစင်တာဝန်ရှိသူမှ သဘာဝဘေး လွတ်ရာသို့ရွေ့ပြောင်းနိုင်ရန် အစီအစဉ်ကို တူးစင်ပေါ်ရှိ လူအားလုံးအား ပြောပြခဲ့ပါသည်။

ထို အစီအစဉ်အရ မေလ ၁၄ ရက်နေ့တွင် ပထမအသုတ်စတင် ရွေ.ပြောင်း ရမည် ဖြစ်ပြီး မေလ ၁၅ ရက်နေ. တွင်စင်ပေါ်ရှိ လူအားလုံး ပြောင်းရွှေ့ ရမည် ဟုပါရှိပါသည်။

သို့သော် မေလ ၁၄ ရက်နေ.တွင် ထိုအစီအစဉ် ကိုအကောင်အထည်ဖော်ခဲ.ခြင်း မရှိပါ။ မေလ ၁၅ ရက်နေ.မနက် ၉နာရီ အချိန်လောက်တွင် ရေနံတွင်းတူး အဖွဲ့များ ၊ ဟွန်ဒိုင်းကိုရီးယား ကုမ္ပဏီ မှ ၀န်ထမ်းများနှင့် မြန်မာနိုင်ငံသား သင်တန်းသား ၀န်ထမ်းများ အားရွေ.ပြောင်းရမည်ဟု ကြေငြာခဲ့ပြန်ပါသည်။

ထိုအစီအစဉ်အရ အထက်ပါ လူများကို စစ်တွေ မှ တဆင့် ရန်ကုန်သို.ရွေ.ပြောင်းရန် ပြင်ဆင်ခဲ့ ကြပါသည်။

သို.သော် ရေနံ တွင်းတုး အလုပ်သမားတချို့နှင့် ဟွန်းဒိုင်းကုမ္ပဏီမှ ကိုရီးယားများအား ဘေးလွတ်ရာသို့ရွေ.ပြောင်းပြီးသော အခါ ရွေ.ပြောင်းရေး အစီအစဉ်အား
တဝက်တပျက်ဖြင့် ရပ်တန့်ခဲ့ပါသည်။

ထိုကြောင့် စင်ပေါ်တွင် မြန်မာရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၀န်ထမ်းအချို့၊ မြန်မာနိုင်ငံသား ဒေ၀ူးကုမ္ပဏီမှ သင်တန်းသား ၀န်ထမ်းများ နှင်. တခြားနိုင်ငံသားဝန်ထမ်းများသာ
ကျန်ရစ်ခဲ့ပါသည်။

 စစ်တွေသို.ရွေ့ပြောင်းခဲ.သော မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ.လုပ်ငန်းမှ ၀န်ထမ်းများအား လေယာဉ်ထိုင်ခုံနေရာ မရှိဟု ဆိုကာ ချန်ထားရစ်ခဲ့ပြီး ကိုရီယား လူမျိုးဝန်ထမ်းများအား ဦးစားပေးခေါ်
ဆောင်သွားခဲ့ကြပါသည်။

ထိုဝန်ထမ်းများမှာ မုန်တိုင်းဝင်ရောက်မည့် အနီရောင်ဇုန်အတွင်းတွင် စားရေး၊ နေရေးခက်ခဲမှုကို ရင်ဆိုင်ခဲ့ ရပါ သည်။

ကုမ္ပဏီမှ စားစရိတ်ပေးမည်ဟု နောက်ပိုင်းတွင်ဆိုသော်လည်း လက်လွတ်စပယ် တာဝန်မဲ့စွာ ချန်ထားရစ်ခဲ့ခြင်း အတွက်ထိရောက်သော အရေးယူမှု လိုအပ်ပါသည်။

 ထို့အတူ ကုမ္ပဏီ၏ ၀န်ထမ်းများဖြစ်သော မြန်မာနိုင်ငံသား သင်တန်းသား ၀န်ထမ်းများနှင့် တခြားနိုင်ငံခြားသား ၀န်ထမ်းများအား သဘာဝဘေးကြိုတင် ကာကွယ်ရေး အစီအစဉ်မရှိဘဲ မုန်တိုင်းကျရောက်မည့် အနီရောင်ဇုန်အတွင်းတွင် ချန်ထားရစ်ခဲ့ခြင်းမှာလည်း တာဝန်မဲ့ရာ ရောက်
ပါသည်။

မဟာဆင်မုန်တိုင်းသည် မြန်မာတစ်နိုင်ငံလုံး စိုးရိမ်ကြောင့်ကြနေခဲ့သော သဘာဝဘေးတစ်ခု ဖြစ်ပါသည်။

နိုင်ငံတော်အဆင့်မှ တာဝန်ရှိသူ ဒုတိယသမ္မတ ကိုယ်တိုင်လာရောက် ကွပ်ကဲခဲ့သော နိုင်ငံတော်အဆင့် သဘာဝဘေးတစ်ခု ဖြစ်ပါသည်။

 ကံကောင်းထောက်မသဖြင့် မြန်မာပြည် ဧရိယာ အတွင်းသို့ ပြင်းထန်စွာ မ၀င်ရောက်ခဲ့သော်လည်း
တစ်နိုင်ငံလုံး စိုးရိမ်ကြီးစွာစောင့် ကြည့်ခဲ့ ရသော သဘာဝဘေး တစ်ခုဖြစ်ပါသည်။

ထိုသဘာဝဘေးအန္တရာယ်ကို ၅ရက်မျှ ကြိုတင်သတင်းရခဲ့သော၊ နောက်ဆုံးအချိန် လမ်းကြောင်းမပြောင်းလဲမီ မေလ ၁၅ ရက်နေ့ညနေထိ အနီရောင် အဆင့်သတ်မှတ်ထားသော မုန်တိုင်းသတင်းကိုသိရှိပါလျက်နှင့် ဒေ၀ူးကုမ္ပဏီသည် တာဝန်မဲ့စွာ တူးစင်ပေါ်တွင် အလုပ်လုပ် ကိုင် နေသော ကိုရီးယား လူမျိုးများမှလွဲပြီး မြန်မာနိုင်ငံသားများ အပါအ၀င် တခြားနိုင်ငံသားများအား ချန်ထားရစ်ခဲ့ခြင်း ၊ အနီရောင်နယ်မြေဟု သတ်မှတ်ထားသော စစ်တွေတွင် မြန်မာနိုင်ငံသား ၀န်ထမ်းများအား လက်လွက်စပယ်ချန်ထားကာ ကိုရီိးယားလူမျိုးများကိုသာ ဘေးလွတ်ရာ ရန်ကုန်သို့ ဦးစားပေး သယ်ယူ ခြင်း၊ လေယာဉ်နောက်တစ် ခေါက်ဆွဲကာလူများအားကယ်တင်နိုင်သော်လည်း လေယာဉ်လုံလောက်စွာ စီစဉ်မပေးခြင်း၊ နိုင်ငံတော် အဆင့် တာဝန်ရှိသူ များကိုယ်တိုင် ပူပန်သောကကြီးစွာဖြင့် အနီးကပ်ကွပ်ကဲ ဆောင်ရွက်ခဲ့သော်လည်း ကုမ္ပဏီဘက်မှ တာဝန်မဲ့စွာပြုမူခြင်း သည် မြန်မာနိုင်ငံနှင့် အစိုးရ အပါအ၀င် နိုင်ငံသားများအား စော်ကားခြင်းပင် ဖြစ်ပေသည်။

တစ်ဖက်တွင်လည်း သဘာဝဓါတ်ငွေ့ ထုတ်လုပ်နေသော ကာလလည်း မဟုတ်သေးပါ။ ထို့ကြောင့် လုပ်ငန်းလိုအပ်ချက် ရှုထောင့်မှကြည့်လျှင်လည်း မရှိမဖြစ်လိုအပ်သော အချိန်မဟုတ်ပါ။ မည်သည့်လုပ်ငန်းတွင်မဆို ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး ဆောင်ရွက်ရမည်သာ ဖြစ်ပါသည်။

နောင်အခါတွင် အလားတူဖြစ်ရပ်မျိုးထပ်မံ မဖြစ်ပွားနိုင်ဟု မည်သူမှမဆိုနိုင်ပေ။ ဘင်္ဂလားပင်လယ်အော်နှင့် ရခိုင်ကမ်းရိုးတန်းဒေသသည် နှစ်စဉ် လေမုန်တိုင်း မကြာခဏ ဝင်ရောက်တိုက်ခိုက်တတ်သော ဒေသဖြစ်သည်ဟု မိုးလေ၀သမှတ်တမ်းများအရ သိရပါ သည်။

အထက်ပါ ဖြစ်ရပ်မျိုး  နောက်ထပ် ကြုံကြိုက်လာပါက ဒေ၀ူးကိုရီးယား ကုမ္ပဏီအနေဖြင့် အလားတူပြုမှုခဲ့ပါလျှင် ဘေးအန္တရာယ်ကြုံပြီးမှ နိုင်ငံသားတို့၏အသက်၊ မိသားစုများ ၏ သောကအတွက်
ပြန်လည်ပေးဆပ်စရာ မရရှိနိုင်ပါ။ ထို.ကြောင့် ဒေဝူးကုမ္ပဏီအား သက်ဆိုင်ရာတာဝန်ရှိသူ နိုင်ငံတော်လူကြီးများမှ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။

မုန်တိုင်းကာလအတွင်း “ရွှေ” သဘာဝဓါတ်ငွေ့တွင်းတူးစင် ပေါ်တွင်ကျန်ရှိနေသော
လူအရေအတွက် စုစုပေါင်း   -  ၉၅ ယောက် ။

“မဟာဆန် မုန်တိုင်း တိုက်ခတ်စဉ်ကာလအတွင်း ရွှေသဘာဝဓါတ်ငွေ့ကမ်းလွန်
တွင်းတူးစင်    ပေါ်တွင်ကျန်ရှိနေသော မြန်မာနိုင်ငံသား ဝန်ထမ်းများ၏
မိသားစုဝင်များ”

by Myanmar News Now
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template