Headlines News :
Home » » အဖွဲ့ကွဲနေသည့် လူ့ဘောင် သစ် ဒီမိုကရက်တစ် ပါတီ တစ်ဖွဲ့ တည်းဖြစ်ရန် ကြိုးစားမည်ဟုဆို

အဖွဲ့ကွဲနေသည့် လူ့ဘောင် သစ် ဒီမိုကရက်တစ် ပါတီ တစ်ဖွဲ့ တည်းဖြစ်ရန် ကြိုးစားမည်ဟုဆို

Written By လွင့်မောင်မောင် on Wednesday, January 29, 2014 | 12:14 AM


ရန်ကုန်၊ ဇန်နဝါရီ ၂၈
နှစ်ဖွဲ့ဖြစ်နေသော လ ဒီမိုကရက်တစ်ပါတီအား တစ်ဖွဲ့တည်း ဖြစ်အောင် ကြိုးစားသွားမည်ဟု ခေါင်း ဆောင်များကထုတ်ဖော်ပြောကြားလိုက် သည်။

လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ထံ ပါတီမှတ်ပုံတင် လျှောက်ထားခဲ့သော လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ''ထိတွေ့နိုင် သမျှ လုပ်ဆောင်သွားမှာပါ။ ရဲဘော် ဟောင်းတွေနဲ့လည်း တစ်ပါတီတည်း ဖြစ်အောင် ဆွေးနွေးသွားဖို့ရှိပါတယ်'' ဟု ပြောသည်။

အစုနှစ်ဖွဲ့မှ တစ်ဖွဲ့တည်းအဖြစ် ပြန်လည်ပေါင်းစည်းခဲ့သော လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ ဦးဇေ ယျကလည်း ¤င်းတို့အနေနှင့် တစ်ပါတီ တစ်ဖွဲ့တည်းဖြစ်ရန် အကောင်းဆုံးကြိုး စားသွားမည်ဟု ပြောသည်။

''လောလောဆယ်အနေအထား အရ ကျွန်တော်တို့ ဆွေးနွေးသွားဖို့ကို ကမ်းလှမ်းသွားမှာပါ''ဟု ပေါ်ပြူလာန ယူးစ်သို့ ဦးဇေယျက ပြောသည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါ တီအားတစ်ဖွဲ့တည်းမဖြစ်သရွှေ့ လူ့ ဘောင်သစ်ဒီမိုကရက်တစ် ပါတီအမည် မသုံးရန် ပါတီဝင်များအနေနှင့် ဆန္ဒရှိ နေပြီး ရွေးကောက်ပွဲ ကော်မရှင်ထံ ဇန် နဝါရီ ၉ ရက်နေ့တွင် ကန့်ကွက်စာတင် ခဲ့သည်။

ထိုကဲ့သို့ လူ့ဘောင်သစ် ဒီမိုက ရက်တစ် ပါတီ တစ်ပါတီတည်းဖြစ်မှ သာ ပါတီနာမည်သုံးရန်နှင့် ပတ်သက်၍ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က''မှတ်ချက်မ ပေးလိုပါဘူး။ ဘာမှလည်း ပြောစရာမ ရှိပါဘူး။ သူတို့ဘာသာ ထုတ်ပြန်တာပါ''ဟု ပြောသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါ တီသည် ယခင်က သုံးဖွဲ့ကွဲမှုရှိခဲ့ပြီး ဦး ဇေယျဦးဆောင်သော အဖွဲ့နှင့် ဦး အောင်ဇေယျဦးဆောင်သော အဖွဲ့တို့ သည် ဇန်နဝါရီ ၂၆ ရက်နေ့တွင် ရွှေဂုံ တိုင်တွင် တစ်ဖွဲ့တည်းအဖြစ်ပေါင်း စည်းနိုင်ခဲ့သည်။

လူ့ဘောင်သစ်ပါတီသည် ၁၉၈၈ လူထုအရေးတော်ပုံမှ ပေါ်ပေါက်လာခဲ့ သည့် ကျောင်းသား အများစုဖြင့် တည် ထောင်ထားသော ပါတီတစ်ခုဖြစ်ကာ ၁၉၉ဝ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ဖူးသည်။

Popular Myanmar News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template