Headlines News :
Home » » တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတစ်ဦးအား သရုပ်ဆောင် အဆိုတော်တစ်ဦး ရိုက်နှက်ခဲ့မှု မှန်ကန်တိကျစွာ အရေးယူသွားမည်

တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတစ်ဦးအား သရုပ်ဆောင် အဆိုတော်တစ်ဦး ရိုက်နှက်ခဲ့မှု မှန်ကန်တိကျစွာ အရေးယူသွားမည်

Written By လွင့်မောင်မောင် on Wednesday, February 19, 2014 | 4:22 PM


ရုပ်ဆောင် အဆိုတော်တစ်ဦး က ယာဉ်ထိန်းရဲ တပ်ကြပ်ကြီးအား ရိုက် နှက်ခဲ့မှုအပေါ် နှစ်ဖက်စလုံးအား ပစ္စည်း သက်သေ၊ လူသက်သေနှင့် စစ် ဆေးနေပြီး အမှုကို တည်ဆောက်၍ မှန် ကန်တိကျစွာ ဆုံးဖြတ်ပေး မည်ဟု ယာဉ် ထိန်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဦးကျော် ထွေးက ပေါ်ပြူလာ နယူးစ်သို့ ပြော သည်။

မင်္ဂလာတောင်ညွန့်မြို့နယ် သိမ် ဖြူလမ်းနှင့် ကန်ပတ်လမ်း လမ်းဆုံမီး ပွိုင့်၌ သတ်မှတ်စည်းကမ်း ဖောက်ဖျက် ပြီး မောင်းနှင်လာသော သရုပ်ဆောင်၊ အဆိုတော် နေသူ ရိန်၏ ကားကို တား ဆီးရင်း ဖြစ်ပွားခဲ့သည့် ရိုက်နှက်ခံရမှု အပေါ် ရဲမှူးကြီးက ထိုသို့ ပြောဆိုခြင်း ဖြစ်ပြီး လက်ရှိတွင် ယာဉ်ထိန်းရဲနှင့် ကိုနေသူရိန်နှစ်ဖက်စလုံးတို့က အပြန် အလှန် အမှုဖွင့်ထားသည်။

ရဲမှူးကြီး ဦးကျော်ထွေးက ”ကျွန် တော် နှစ်ဖက်စလုံးနဲ့ တွေ့ဆုံပြီး စစ် ဆေးတာတွေ လုပ်နေပါတယ်” ဟု ပြော သည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က လမ်း ရှင်းတာဝန် ထမ်းဆောင်နေစဉ် အရိုက် ခံရသောယာဉ်ထိန်းရဲတပ်ကြပ်ကြီး သောင်းဒန်က ”ဖြစ်စဉ်ကို အမှန် အတိုင်း ဖြစ်ချင်တယ်။ မဖြစ်လာခဲ့ရင် သက်သေ တွေနဲ့ အတူတူ သတင်းစာရှင်းလင်းပွဲ လုပ်မယ်” ဟုပြောသည်။

၎င်းက ကားအားတားဆီးစဉ် ကို နေသူရိန်ဆိုသူက ယူနီဖောင်းအား ဆွဲ ဆောင့်ကာ လက်သီးဖြင့် ထိုးရန်ရွယ် ကြောင်း၊ နောက်တစ်နေ့၌ မိသားစုဝင် များ ပါဝင်သော အုပ်စုဖြင့် ဖိနပ်ဖြင့် ပါးရိုက်ခြင်း၊ ထိုးနှက်ခြင်းနှင့် ခြေ ထောက်ဖြင့်ကန်ခြင်းတို့ လုပ်ခဲ့သည်ဟု ပြောသည်။

”ကျွန်တော်တို့က ပြည်သူကို လက်နက်နဲ့ ကာကွယ်တဲ့အဖွဲ့အစည်း တစ်ခု မဟုတ်ဘူး။ လက်နက်တောင် မကိုင်တဲ့သူကို ဒီလို မဆက်ဆံသင့်ဘူး။ လမ်းဘေးမှာ အ မှိုက်ကောက်နေတဲ့ ကောင်လေးကို ဖိနပ်နဲ့ပါးရိုက်ကြည့်ပါ လား။ ဘယ်သူမှ မခံနိုင်ဘူး” ဟုရဲတပ် ကြပ်ကြီး ဦးသောင်းဒန်က ဆက်ပြော သည်။

သို့သော်လည်း တစ်ဖက်မှ (ကိုနေ သူရိန်) မင်္ဂလာတောင်ညွန့်၌ အမှုဖွင့် ထားမှုတွင် ယာဉ်ထိန်းရဲက ၄င်းအား ခြေထောက်ဖြင့်ကန်ခြင်း ပြုလုပ်၍ ရန်ကုန်ဆေးရုံကြီး တွင် ပြင်ပလူနာ အဖြစ် ကုသခဲ့ရကြောင်း ရဲထံ ကနဦး ထွက်ဆိုကာ တိုင်တန်းထားသည်ဟု ရဲမှတ်တမ်းများအရ သိရသည်။

ရဲမှူးကြီး ဦးကျော်ထွေးက ”ပြည် သူလူထုကို မိဘလိုသဖွယ် တပ်ဖွဲ့ဝင် တိုင်းက ပြောဆိုဆက်ဆံရပါ့မယ်။ ဒီ လိုမှာပြီးသားပါ။ ဒါပေမဲ့ တချို့က ဒါ ကို မလိုက်နာဘူး” ဟု မှတ်ချက်ပြု ပြော ထားသည်။ အဆိုပါအမှုဖြစ်စဉ်ကို ဌာန ချုပ်ထံ ၃ နာရီအတွင်းသတင်းမပေးပို့၍ တပ်ဖွဲ့စုမှူးနှင့် ဒုတပ်ဖွဲ့မှူး၊ ဒုရဲမှူး နှစ် ဦးကို ကနဦးအရေးယူမည်ဟု ၄င်းက ထပ်မံပြောကြားသည်။

တာမွေတွင် ပြီးခဲ့သည့်နှစ်က ယာဉ်ထိန်းရဲတစ်ဦး တာဝန် ထမ်းဆောင် နေချိန်တွင် ယာဉ်မောင်းတစ်ဦးက ဓား ဖြင့်ဆင်းထိုးသွားသော အမှုတစ်ခုလည်း ဖြစ်ခဲ့ဖူးကြောင်း သိရသည်။

ဇေဝေယံ

Popular Myanmar News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template