Headlines News :
Home » » ရဲတပ်ဖွဲ့ဝင်များ ငွေကြေး ကိစ္စရပ်များနှင့် ရောထွေးခြင်း မရှိရန် ဒုဝန်ကြီးပြောကြား

ရဲတပ်ဖွဲ့ဝင်များ ငွေကြေး ကိစ္စရပ်များနှင့် ရောထွေးခြင်း မရှိရန် ဒုဝန်ကြီးပြောကြား

Written By လွင့်မောင်မောင် on Sunday, February 16, 2014 | 4:15 PM


ကလေး၊ ဖေဖော်ဝါရီ ၁၅

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အနေနှင့် မှုခင်းများ ဖမ်းဆီးရာတွင် ငွေကြေး ကိစ္စရပ်များနှင့် ရောထွေးခြင်း မရှိရန် လိုအပ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကလေးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်သော ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

မန္တလေးမြို့တွင် ဖမ်းဆီးမိခဲ့သော မူးယစ်ဆေးဝါးမှုတွင် ပြစ်မှုကျူးလွန်သူက ရဲတပ်ဖွဲ့ကို ပထမကျပ်သိန်း ၃၀ မှ ကျပ်သိန်း တစ်ထောင်ထိ ပေးသော်လည်း မယူဘဲ တရားခံအား တရားဥပဒေ အတိုင်းသာ ဆောင်ရွက်ခဲ့ခြင်း ရှိကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။
“ကိုယ်လုပ်ရမယ့် တာဝန်မသိဘဲနဲ့ တာဝန်ကျေအောင် ထမ်းဆောင်လို့ မရပါဘူး။ စိတ်ဓာတ်တွေ တိုးတက်ကောင်းမွန်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။

ကလေးမြို့သို့ ရဲချုပ် လာရောက်စဉ် ဧည့်ခံရန်ဟုဆိုကာ လိုင်စင်မဲ့ ကားပိုင်ရှင်များထံ ငွေတောင်းသော ရဲတပ်ဖွဲ့ဝင်များ၊ ဘုရားပွဲတွင် အရက်အတူသောက်ကာ မိမိယူနီဖောင်းကို အရပ်သားတစ်ဦးအား ဝတ်ဆင်စေသော ရဲတပ်ဖွဲ့ဝင်၊ မူးယစ်ဆေး လုပ်ကိုင်သူများနှင့် ပူးပေါင်းသော ရဲတပ်ဖွဲ့ဝင် စသည်ဖြင့် စည်းကမ်း ချိုးဖောက်သော ရဲတပ်ဖွဲ့ဝင်များကို အရေးယူခဲ့ခြင်းများ ရှိကြောင်း၊ သတင်းမီဒီယာများ နှင့်ဖြစ်စေ၊ ပြည်သူများနှင့်ဖြစ်စေ ပြောဆိုဆက်ဆံရာတွင် ပြေပြစ်မှု မရှိသော ပြည်သူ့ရဲတပ်ဖွဲ့ဝင် များကို ထိုက်သင့်သော ပြစ်ဒဏ်များဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး သိန်းဝင်းက ပြောကြားသည်။

“၂၀၁၂ နိုဝင်ဘာလ အတွင်းမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရာမှာ အပြည့်မအပ်ဘဲ ထိမ်ချန်ထားတဲ့ ရဲတပ်ဖွဲ့ဝင်အချို့ကို အရေးယူခဲ့တာ ရှိတယ်” ဟု ကလေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိ ရဲတပ်ဖွဲ့ဝင် အင်အားမှာ ကလေးမြို့တွင် ၅၇ ဒသမ ၂၃ရာခိုင်နှုန်း၊ ကလေးဝမြို့တွင် ၃၁ ဒသမ ၉၁ ရာခိုင်နှုန်း၊ မင်းကင်းမြို့တွင် ၃၈ ဒသမ ၉၉ ရာခိုင်နှုန်း ရှိပြီး ခရိုင်တစ်ခုလုံး အနေနှင့် ၃၇ ဒသမ၃၀ ရာခိုင်နှုန်းသာ ရှိကြောင်း၊ ကလေးမြို့တွင် လူဦးရေ ၄၆၀,၀၀၀ ကျော်ရှိရာ ပြည်သူနှင့် ရဲတပ်ဖွဲ့ဝင်အချိုးမှာ ၂၀၂၉း၁ ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template