Headlines News :
Home » » ဗီဇာ မလိုပဲ စင်ကာပူသွားနေတဲ့ မြန်မာပြည်က သဲ

ဗီဇာ မလိုပဲ စင်ကာပူသွားနေတဲ့ မြန်မာပြည်က သဲ

Written By လွင့်မောင်မောင် on Friday, February 21, 2014 | 6:15 PM

မြန်မာနိုင်ငံသားတွေ ခေတ်မီဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတဲ့ စင်ကာပူနိုင်ငံကို သွားပြီး အလုပ်တွေလုပ်ဖို့ အလည် အပတ်တွေသွားဖို့ ငွေကြေးတွေ အကုန်အကျခံပြီး ဗီဇာတွေလျှောက်ကြရပေမယ့် မြန်မာ့ သဲ က
တော့ စင်ကာပူနိုင်ငံကို ဗီဇာ မလိုပဲ သွားနေခဲ့တာ နှစ်တွေနဲ့ ချီနေပါပြီ။ 


 စင်ကာပူနိုင်ငံကို ဗီဇာ မလိုပဲ သွားနေတဲ့ မြန်မာပြည်က သဲများတင်လာတဲ့ ရေယာဉ်တစီး၊ 
ဓာတ်ပုံ- စမ်းချောင်း ကိုကိုကြီး ( ၈၈ မျိုးဆက်)

ဒါနဲ့ ပတ်သက်ပြီး အခုရက်ပိုင်း တနင်္သာရီတိုင်းခရီးစဉ် ထွက်နေကြတဲ့ ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနဲ့ ပွင့် လင်း လူ့အဖွဲ့အစည်း) က စမ်းချောင်း ကိုကိုကြီးက သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အခု ဓာတ်ပုံတွေနဲ့တကွ မှတ်ချက် စာသားလေးက မီးမောင်းထိုးပြနေတာပါဘဲ။ 
လူတွေ ဒီလို ကိစ္စမျိုးကို သတိမေ့နေကြတယ်ထင်လို့ သူက အခုလို ရေးပြလိုက်တာလည်းဖြစ်နိုင်ပါတယ်။ 


ဗီဇာမလိုဘဲ 
စင်္ကာပူသွားတဲ့ 
မြန်မာပြည်ကသဲ။.
တဲ့။ 
 
 တကယ်တော့ လွန်ခဲ့တဲ့ နှစ်အတော်ကြာလောက်ကတည်းက တနင်္သာရီတိုင်း ကော့သောင်း မြို့နယ်ဘက် ပါချန် မြစ် ပတ်ဝန်ကျင်မှာ မြန်မာနိုင်ငံပိုင် သဲတွေကို စုပ်ယူပြီး စင်ကာပူနိုင်ငံကို ရောင်းချနေခဲ့ကြတာပါ။

အခုလို သဲတွေကို စုပ်ယူထုတ်လုပ်ပြီး စင်ကာပူကို ရောင်းချတဲ့အတွက် ဒေသခံ ငါးဖမ်းလုပ်ငန်းတွေလည်း အ တော် ထိခိုက်ပျက်စီးကြတယ်လို့ သိရပါတယ်။ အထူးသဖြင့် သဲတွေ စုပ်ယူလိုက်တော့ သဲခုံတွေက ပျက်စီးကုန် ကာ ငါးစားကျက်တွေ ပျက်စီးသွားတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

တနည်းပြောရရင် ပင်လယ် ဂေဟစနစ်နဲ့ သဘာဝ ပတ်ဝန်းကျင်ကို အဓိက ထိခိုက်စေတဲ့ သဲစုပ်ယူမှုလည်း
ဖြစ်နေတာပါ။ 

ဒါကြောင့် ဒေသခံ တံငါတွေက လွန်ခဲ့တဲ့ ၂ဝ၁၁ ခုနှစ် နှောင်းပိုင်းလောက်ကတည်းက သမ္မတ ဦးသိန်းစိန် ဆီ သဲစုပ်ယူပြီး စင်ကာပူနိုင်ငံကို အကြီးအကျယ်စီးပွားဖြစ် ရောင်းစားနေမှုတွေကို ကန့်ကွက်တဲ့ စာတွေ တသီကြီး ပေးပို့ခဲ့ကြပါတယ်။

ဒါပေမယ့် သဲ စုပ်ယူထုတ်လုပ်တဲ့ လုပ်ငန်းကြီးတွေကတော့ အခုထိ ရှင်သန်ကြီးထွားနေပြီး စင်ကာပူနိုင်ငံကို ဗီဇာ မလိုပဲ သွားနေဆဲဖြစ်တယ်ဆိုတာ အဲဒီ ဓာတ်ပုံတွေက သက်သေခံနေတာပါ။


အိမ့်သံစဉ် ~ ဧရာဝတီ




Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template