Headlines News :
Home » » ထိုင်း ဆန္ဒပြသူတွေအပေါ် အင်အားမသုံးဖို့ အရပ်ဘက် တရားရုံးက အမိန့်ထုတ်

ထိုင်း ဆန္ဒပြသူတွေအပေါ် အင်အားမသုံးဖို့ အရပ်ဘက် တရားရုံးက အမိန့်ထုတ်

Written By လွင့်မောင်မောင် on Thursday, February 20, 2014 | 9:08 AM

ဝန်ကြီးချုပ်ရဲ့ ယာယီရုံးကို ဝိုင်းရံ ဆန္ဒပြ

ထိုင်းနိုင်ငံက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အစိုးရအနေနဲ့ အင်အားသုံး ဖြိုခွဲတာတွေ မလုပ်ဖို့ ထိုင်းနိုင်ငံ တရားရုံး တခုကနေ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

မနေ့ကတော့ ဆန္ဒပြသူတွေနဲ့ ရဲတွေ အကြား အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် လူ ၅ ဦး သေဆုံးသွားခဲ့ရပြီး နောက်မှာ အခုလို တရားရုံးရဲ့ ကြေညာချက် ထွက်လာတာပါ။

အစိုးရ ရုံးနေရာ တဝိုက်က ဆန္ဒပြ သပိတ်စခန်းတွေကို ရဲက ဖြိုခွဲဖို့ ကြိုးစားပေမယ့် မအောင်မမြင် ဖြစ်ခဲ့ပါတယ်။

အရပ်ဘက် တရားရုံးက ကြားဝင်ပြီး အခုလို အမိန့်ထုတ်ပြန်လိုက်တာဟာ လပေါင်းများစွာ မတည် မငြိမ်ဖြစ်နေခဲ့မှုတွေကို အစိုးရက ထိန်းချုပ်ဖို့ ပြီးခဲ့တဲ့ အပတ်က ထုတ်ပြန်လိုက်တဲ့ အရေးပေါ် အမိန့်ကို အကောင်အထည်ဖော်ရေးမှာ ရှုပ်ထွေးမှုတွေကို ဖြစ်စေနိုင်ပါတယ်။

ထောင်သောင်းချီတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကတော့ ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်ရဲ့ ယာယီ ရုံးနေရာကို ဝိုင်းထားကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template