Headlines News :
Home » » သာသနာဖျက်အမျိုးယုတ်များ ဇတ်စုံခင်းနေကြပြီ

သာသနာဖျက်အမျိုးယုတ်များ ဇတ်စုံခင်းနေကြပြီ

Written By လွင့်မောင်မောင် on Wednesday, February 19, 2014 | 3:39 PM








မနေ့ (18/02/2014) ညနေ က မအူကုန်းလမ်းကျယ် တာမွေ ၁၃၃ လမ်း မှာဖြစ်သွားတာလေးပါ။ ပုံပါအတိုင်း ဘိုကေ နဲ့ သင်္ဃန်းခြုံထားတဲ့လူတစ်ယောက်က ကားဘောနက်ပေါ်တက်ပြီး သင်္ဃန်းလှန်ဆဲဆိုနေပုံပါ။

 ရှိသမျှ အဆဲပေါင်းစုံနဲ့ မွစ်လင်တွေကိုဆဲနေတာပါ။ ဒါပေမယ့် သူကို ဘယ်သူမှရန်ပြန်မလုပ်ဘဲ ရဲစခန်းလက်အပ်လိုက်တယ်လို့ပြောတယ် ရဲစခန်းက သူ့ကို တောင်းတောင်းပန်ပန်နဲ့ သူလာတည်းနေတဲ့ ကျောင်းကို ပြန်ပို့ပေးလိုက်တယ်တဲ့

ကဲကြည့်။ ရဲ၃ ယောက်က သူကို စကားတောင် ကျယ်ကျယ်မပြောရဲဘူးတဲ့။ ၂၀၀၇ ရွှေဝါရောင်တုန်းက အဲဒီရဲတွေ လူရှေ့သူရှေ့ ကိုယ်တော်တွေကို ပါးရိုက် ခြေထောက်နဲ့ကန်ကျောက်ခဲ့တဲ့ Video တွေအခုထိ ရှိပါသေးတယ်။

အဓိကရုဏ်းဖြစ်ဖို့ လှုံ့ဆော်နေတာတွေ ခပ်စိပ်စိပ်ဖြစ်လာတာကို အားလုံးသတိထားမိမှာပါ။ ဒိုင်နာကားတွေနဲ့ တင်တင်ခေါ်လာတဲ့ အရင်က စွမ်းအားရှင် အခု သင်္ဃန်းခြုံ (သံဃာတော်မဟုတ်ပါ) တွေလည်း

အတော်အသင့် ပြင်ဆင်ထားပြီး ready အနေထားမှာရှိနေပါတယ်။ ကျနော်တို့ လည်း မွစ်လင်မုန်းတီးရေး လှည့်ကွက်ထဲ ၀င်သွားပြီး နှာမစေးနေဖို့ပါသတိထားကြပါ။ ဒီသတင်းကို အခုထိ ဘယ်သူဆီမှာမှမတွေ့ရသေးပါ။

ဒီတစ်ခါ ဖြစ်ခွင့်ပေးလိုက်ရင် ကျနော် ၂၀၁၃ အကုန်ပိုင်းလောက်က သတိပေးခဲ့သလို ၂၀၁၄ ဟာ တိုင်းပြည် ချောက်ထဲကျမယ့် နှစ်ဖြစ်ပြီးတော့ ၂၀၁၅ မှာ ချောက်ထဲက နေပြန်ဆွဲတင်ပေးမယ့် တပ် မတော် (မတော်တဲ့ စစ်တပ်) က

ကယ်တင်ရှင်အနေနဲ့ အာဏာသိမ်းပြီး ပြည်သူတွေကို ပစ်သတ်ပါဦးမယ် ပြီးရင်တော့ နှစ် ၅၀ ၊ ၁၀၀ လောက် တရားဝင် အာဏာသိမ်းစစ်အစိုး အနေနဲ့ မိုက်ရိုင်း အောက်တန်းကျတဲ့ လူတွေကို

အုပ်ချုပ်နေရလို့ သေနတ်တပြပြလုပ်နေရပါကြောင်း တလောကလုံးကို ပြပါတော့မယ်။

နိုင်ငံတကာကလည်း ဒီအဖြစ်တွေကို မြင်ခဲ့ပြီးပြီဆိုတော့ အားလုံးလက်ရှောင်ပါတော့မယ်။

ဘုရားပေး ဆုအနေနဲ့ ရှိနေတဲ့ ဒေါ်စုလည်း တဖြည်းဖြည်း အသက်ကြီးပြီး ကျနော်တို့ကို နှုတ်ဆက်သွားပါလိမ့်မယ်။

သတင်းနဲ့ ဓါတ်ပုံ လင်းရောင်ခြည်ကရပါတယ်။
Stephen Thant(Facebook)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template