Headlines News :
Home » » ပူးတွဲလေယာဉ်မှူး Ethiopia လေယာဉ် အပိုင်စီး

ပူးတွဲလေယာဉ်မှူး Ethiopia လေယာဉ် အပိုင်စီး

Written By လွင့်မောင်မောင် on Monday, February 17, 2014 | 10:53 PM

ပြန်ပေးဆွဲခံလိုက်ရတဲ့ Ethiopian လေယာဉ်။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၁၄)
Italy နိုင်ငံ ရောမမြို့ကို ဦးတည်ပျံသန်းလာတဲ့ Ethiopian လေကြောင်း ပိုင် လေယာဉ်ကို ပြန်ပေးဆွဲလာတဲ့ ပူးတွဲ လေယာဉ်မှူးဟာ Geneva မြို့မှာ လေယာဉ်ကို ချောချောမောမော ဆင်းပေးလိုက်ပြီး သူ့ကိုတော့ အာဏာပိုင်တွေက ထိန်းသိမ်းလိုက်ပါတယ်။ ဒီကနေ့ တနင်္လာနေ့မှာ အသက် ၃၀ ဝန်းကျင် ပူးတွဲ လေယာဉ်မှူးဟာ လေယာဉ်မှူး အိမ်သာဝင်နေတုံး လေယာဉ် ဦးခန်းကို အတွင်းကသော့ပိတ်ထားလိုက်ပြီး Boeing 767 လေယာဉ်ကို ထိန်းချုပ်ထားလိုက်တာပါ။

Geneva မြို့မှာ လေယာဉ်ဆိုက်ရောက်တော့ အဲဒီ ပူးတွဲလေယာဉ်မှူး ဟာ ခေါင်းခန်းထဲကနေ ကြိုးနဲ့တွယ်ဆင်းပြီး အာဏာပိုင်တွေဆီမှာ အဖမ်းခံလိုက်ပြီး သူဟာအရင်က ပင်လယ်ဓားပြဖြစ်လို့ သူ့နိုင်ငံမှာ အရေးယူခံရမယ့်ကိန်း ရှိတာကြောင့် Switzerland နိုင်ငံမှာ ခိုလှုံခွင့်တောင်းပါတယ်လို့ ပြောကြောင်း swiss အရာရှိတွေက ဆိုပါတယ်။ သူ့ကို ဘယ်လိုအရေးယူမလဲဆိုတာတော့ ချက်ချင်း သေချာမသိရသေးပါဘူး။

လေယာဉ်ဟာ Ethiopia နိုင်ငံ Addis Ababa မြို့တော်ကနေ ခရီးသည် ၂၀၂ ဦးနဲ့ ထွက်ခွာလာတာပါ။ Geneva လေဆိပ်မှာတော့ အာဏာပိုင်တွေက ခရီးသည်တွေကို တဦးချင်းဆီတန်းစီလက်မြှောက်ကာ လေယာဉ်ပေါ်ကဆင်းပြီး အသင့်စောင့်နေတဲ့ ကားတွေပေါ်တက်ခိုင်းခဲ့ပါတယ်။ အစောပိုင်းမှာ လေဆိပ် တခုလုံးကို ပိတ်ထားခဲ့ပေမယ့် နာရီအတော်ကြာတော့ လုပ်ငန်းတွေ ပုံမှန်ပြန်လည်ပတ်ခဲ့ပါတယ်။ 
ဗွီအိုအေ (မြန်မာပိုင်း)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template