Headlines News :
Home » » ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီ

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီ

Written By လွင့်မောင်မောင် on Tuesday, March 18, 2014 | 7:22 PM


၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော် ကနေ ဖေဖေါ်ဝါရီ လဆန်း က လွှတ်တော် အမတ် ၃၁ ဦး ပါဝင်တဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး အကောင် အထည် ဖော်မှု ကော်မတီ ကို ဖွဲ့စည်းပေးခဲ့ ပါတယ်။

ဒီ ကော်မတီ အနေနဲ့ ပြင်ဆင်ဖို့ ဖြစ်နိုင်ခြေ အရှိဆုံး ပုဒ်မ ကနေ စကိုင်ဖို့ ရှိ နေပါတယ်။

သမ္မတ ဖြစ်ခွင့် ကန့်သတ်ချက် ပုဒ်မ ၅၉ အပါ အဝင် ၊ တချို့သော ပုဒ်မတွေ ကို ပြင်ဆင်ရာ မှာ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၇၅ ခိုင်နှုန်း ထောက်ခံချက် အပြင် ဆန္ဒ ခံယူပွဲ တဝက်ကျော် ရမှ ပြင်လို့ ရမယ် ဆိုတဲ့ ပုဒ်မ ၄၃၆ ( က) နဲ့ တချို့သော ဥပဒေတွေကို ပြင်ဖို့ အတွက် ဆန္ဒခံယူပွဲ မလိုအပ်တဲ့ ပုဒ်မ ၄၃၆ ( ခ) ဆိုပြီး နှစ်မျိုး ရှိတဲ့ အခါမှာ ၄၃၆ ( ခ) ကို စပြီး ပြင်မယ့် အခြေ အနေ မျိုး လို့ ၃၁ ဦး ကော်မတီဝင် ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဒေါက်တာအေးမောင် က ဘီဘီစီ ကို ရှင်းပြပါတယ်။

၄၃၆ ( က)နဲ့ ( ခ) ကို စဉ်းစားရာ မှာ ( ခ) ဟာ ပထမ ခြေလှမ်း လို့ သုံးသပ်လို့ ရတဲ့ အကြောင်း၊ ဒါကြောင့် မို့( က) ကို ထားခဲ့ပြီး၊ ( ခ) နဲ့ စထွက် ဖို့ ဆွေးနွေးကြတဲ့ အကြောင်း ပြောပါတယ်။ ဒါပေမဲ့ ပုဒ်မ ၄၃၆ ဟာ လွှတ်တော်ထဲမှာ ပြင်ဖို့ အခက်အခဲတွေ ရှိတာကြောင့် လွှတ်တော် ပြင်ပ မှာ ကြိုးစား ရမယ် ဆိုတဲ့ ဝေဖန်သံတွေ၊ လှုပ်ရှားမှု တွေ နဲ့ ပတ်သက်လို့ တော့ ဒေါက်တာအေးမောင် က လွှတ်တော်တွင်း ရှိ ကိုယ်စားလှယ်တွေ ဟာ ပြည်သူ ကို ကိုယ်စားပြုသူတွေ ဖြစ်တဲ့ အတွက် လူထု နဲ့ ဆက်စပ်မှု ရှိရာက၊ အတွင်း နဲ့ ပြင်ပ အဆက်အသွယ် မပြတ်တဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

မနက်ဖန် ဗုဒ္ဓဟူးနေ့မှာ လည်း အသေးစိတ် ဆွေးနွေးညှိနှိုင်းဖို့ ရှိ ကြောင်း ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template