Headlines News :
Home » » လေယာဉ်ပျောက်ကို တရုတ်ပိုင်နက်မှာလည်း ရှာဖွေ

လေယာဉ်ပျောက်ကို တရုတ်ပိုင်နက်မှာလည်း ရှာဖွေ

Written By လွင့်မောင်မောင် on Tuesday, March 18, 2014 | 11:06 PM



လေယာဉ်အတွက် ဆုတောင်းပေးကြသူများ။
 18 မတ်လ 2014 - 15:30 GMT
မလေးရှား လေကြောင်းလိုင်းက လေယာဉ် ပျောက်ဆုံးနေတာ ၁၀ ရက်ကျော် ကြာခဲ့ အပြီးမှာ အခုဆို တရုတ်နိုင်ငံဟာ သူတို့ရဲ့ ပိုင်နက် နယ်မြေတွေထဲမှာပါ လေယာဉ်ပျောက် ကို ရှာဖွေမှုတွေ ပြုလုပ်နေပြီလို့ မလေးရှား နိုင်ငံဆိုင်ရာ တရုတ် သံအမတ် ဟောင်ဟွေကန်းက ပြောကြားခဲ့ပါတယ်။

ဒီလို ရှာဖွေမှုဟာ နိုင်ငံတကာ ပူးပေါင်း ရှာဖွေမှုရဲ့ အစိတ်အပိုင်း တစ်ရပ်ပဲ ဖြစ်ပါတယ်။

အခုအခါ လေယာဉ် နောက်ဆုံး ပျံသန်းခဲ့တဲ့ လမ်းကြောင်းတွေ ဖြစ်တန်ရာတဲ့ လမ်းကြောင်း ၂ ခုကို နိုင်ငံတကာ ရှာဖွေရေးသမားတွေက အာရုံစိုက်နေကြတာ ဖြစ်ပါတယ်။

အာရှတိုက် ကုန်းမြေ အစိတ်အပိုင်းတွေပေါ် ဖြတ်ကျော်သွားတဲ့ လမ်းကြောင်းကို မြောက်ပိုင်း ကော်ရစ်ဒါ လမ်းကြောင်းလို့ ခေါ်ပြီး၊ အိန္ဒိယ သမုဒ္ဒရာ ပေါ်က ဖြတ်ကျော်သွားတာကတော့ တောင်ပိုင်း ကော်ရစ်ဒါ လမ်းကြောင်းလို့ ခေါ်ပါတယ်။

ပျောက်ဆုံးနေတဲ့ လေယာဉ်ပေါ် လိုက်ပါခဲ့တဲ့ တရုတ်နိုင်ငံသား အားလုံးရဲ့ နောက်ကြောင်းတွေကို စုံစမ်း စစ်ဆေးခဲ့ရာမှာ လေယာဉ်ကို ပြန်ပေးဆွဲတာမျိုးနဲ့ အကြမ်းဖက် တိုက်ခိုက်တာမျိုး လုပ်ဆောင်နိုင်ဖွယ် ရှိတဲ့သူ တစ်ယောက်မှ မတွေ့ရဘူးလို့လည်း မစ္စတာ ဟွေကန်းက ဆိုပါတယ်။
BBC
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template