Headlines News :
Home » » ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက် သတင်း

ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက် သတင်း

Written By လွင့်မောင်မောင် on Tuesday, March 18, 2014 | 2:54 PM

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် သတင်းကောင်းတပုဒ်ပါဘဲ။ ထိုင်းနိုင်ငံမှာ ဗီဇာ သက်တမ်း ၄ နှစ်ပြည့်ပြီးသူတွေအတွက် နောက်ထပ်သက်တမ်းတိုးဖို့ မသေမချာမရေရာဖြစ်နေ တာတွေနဲ့ပတ်သက်ပြီး စိတ်အေးရတော့မယ့် အကြောင်း ဒီကနေ့ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာ သတင်းဆောင်းပါးတပုဒ်ပါလာပါတယ်။ 




ထိုင်း နိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ ၂ နှစ် ၂ ကြိမ် ၄ နှစ် နေထိုင်ပြီးရင်တော့ မိခင်နိုင်ငံပြန်ကြရမယ်ဆိုတဲ့ အတွက် မြန်မာအလုပ်သမားတွေ အခက်အခဲ
ဖြစ်နေခဲ့ပါတယ်။ 

ဗီဇာ သက်တမ်း ၄ နှစ်ကျော်နေတဲ့ မြန်မာအလုပ်သမားတွေလည်း တော်တော်များပါတယ်။ မြန်မာ့အလင်း သတင်းစာပါ သတင်းတွေမှာ ဗီဇာ သက်တမ်း ၄ နှစ်ကျော်သူတွေကို ဗီဇာသက်တမ်း တိုးပေးပါတော့မယ်။ 

အခုထူးခြားတာက ယာယီနိုင်ငံကူးလက်မှတ်အစား နိုင်ငံတကာ သွားလို့ရတဲ့ သာမန် နိုင်ငံကူးလက်မှတ်ကို မတ်လ ၁၁ ရက်နေ့က စပြီး ထုတ်ပေးနေပြီလို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘန်ကောက်မှာ ရှိတဲ့ မြန်မာသံရုံးကို အောက်ပါစာရွက်စာတမ်းတွေနဲ့ ပူးတွဲပြီး 
လျှောက် ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

၁။ ပြည်ပရောက် မြန်မာအလုပ်သမားများ ဖြည့်သွင်းရမည့် ကိုယ်ရေးမှတ်တမ်း ထိန်းသိမ်းရေး ပုံစံ
၂။ မှတ်ပုံတင်မိတ္တူနှင့် သန်းခေါင်းစာရင်း မိတ္တူ
၃။ အလုပ်သမားများ၏ ယာယီနိုင်ငံကူးလက်မှတ် မိတ္တူ 
၎။ အလုပ်ခေါ်စာ စာရင်းများ ( List of Demand for Myanmar Worker)
၅။ အလုပ်သမားများ၏ အမည်စာရင်း ( Name List of Worker) 
၆။ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက် စာချုပ် ( Employment Contracts) 
၇။ ကိုယ်စားလှယ်လွှဲစာ ( Power of Attorneys) 
၈။ နိုင်ငံခြားသား အလုပ်သမားလျှောက်လွှာပုံစံ ( The Application Form for Importion foreign Workers Concerning with the Memorandum of Understanding -MoU- between Thailand and Myanmar) 
၉။ ထိုင်းအလုပ်ရှင် အမည်ပါသော အလုပ်လုပ်ခွင့် လက်မှတ် ( Work Permit မိတ္တူ
၁၀။ လက်ရှိ ရိုက်ကူးထားသော ဓာတ်ပုံ
တို့ဖြစ်ကြပါတယ်။

သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးမယ့် ၄ နှစ်ပြည့် လုပ်သားတွေဟာ တရားဝင် ထိုင်းဘတ်ငွေ ၁၆၀၀ ပေး သွင်းရမှာဖြစ်ပြီး အစဦးမှာ ဘတ်  ၅၀၀ ပေးသွင်းပြီး သာမန် နိုင်ငံကူးလက်မှတ် ထုတ်ယူချိန်တွင် ထိုင်း ဘတ်ငွေ ၁၀၃၀ နှင့် နယ်စပ်ရှိ One Stop Service Centre ၌ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်
သေ ခံ ကတ်ပြား ထုတ်ယူချိန်တွင် ထိုင်း ဘတ် ၇၀ ပေးသွင်းရမှာဖြစ်တယ်လို့ မြန်မာ့အလင်းသတင်းစာက ဆိုပါတယ်။ 




အိမ့်သံစဉ် ~ဧရာဝတီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template