
လက်ပံတောင်းတောင် စီမံကိန်းက စွန့်ထုတ်လိုက်တဲ့ စွန့်ပစ်မြေစာနဲ့ ကျောက်တွေက ထွက်လာတဲ့ အက်စက် ပျော်ရည်တွေဟာ ကြီးမားတဲ့ အ န္တရယ်ဖြစ်နိုင်တယ်လို့ သြစတြေးလျနိုင်ငံ Knight Pie’sold-KPရဲ့ ပတ်ဝန်းကျင်နဲ့ လူမှု ထိခိုက်ခြင်းဆိုင်ရာ အစီရင်ခံစာ(ESIA)က ဖေါ်ပြ လိုက်ပါတယ်။
ဒီအစီရင်ခံစာမှာ ပါတဲ့ အချက်တွေဟာ မြန်မာ့ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေ တွက်ဆထားတဲ့ အတိုင်း ဘေးထွက် ဆိုးကျိုးတွေ ထပ်တူနီးပါး တူညီနေပါတယ်။
ဒီအစီရင်ခံစာကို ဘယ်လို သဘောရပါသလဲ လက်ပံတောင်း စီမံကိန်းကို ကိုယ်တိုင် သွားရောက် လေ့လာထားတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ဦးဝင်းမျိုးသူကို ဘီဘီစီကို ပြောပြရာမှာ လက်ပံတောင်း စီမံကိန်းက ထွက်လာတဲ့ မြေဇာပုံကြီး က မိုးရွာရင်လည်း အနည်တွေ မြစ်ထဲ စီးဝင်ပြီး စီးဆင်းရာ တလျှောက် အနည်ထဲက ဘေးထွက်ဆိုးကျိုးတွေက ဒုက္ခပေးနိုင်သလို မြေအောက်ကို မြေဇာပုံက အက်စစ်တွေ စိမ့်ဝင်သွားရင်လည်း မြေအောက်ရေကို ပျက်စီးစေနိုင်တယ်လို့ သူက ဆိုပါတယ်။
ဒါ့ကြောင့် ဒီလက်ပံတောင်း စီမံကိန်းဟာ သဘာဝ ပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်စေမှာကတော့ သေချာကြောင်း ပြောသွားခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)