Headlines News :
Home » , » ဟိန္ဒားသတ္တုတွင်းစီမံကိန်းကြောင့် ထိခိုက်နစ်နာမှုများနှင့်ပတ်သက်၍ မြောင်းပြိုကျေးရွာမှ ရွာသူရွာသားများ သတင်းစာရှင်းလင်းပွဲပြုလုပ်

ဟိန္ဒားသတ္တုတွင်းစီမံကိန်းကြောင့် ထိခိုက်နစ်နာမှုများနှင့်ပတ်သက်၍ မြောင်းပြိုကျေးရွာမှ ရွာသူရွာသားများ သတင်းစာရှင်းလင်းပွဲပြုလုပ်

Written By လွင့်မောင်မောင် on Sunday, March 16, 2014 | 2:15 PM

 ထားဝယ် မတ်၁၆ ၂၀၁၄
MPC ကုမ္ပဏီ၏ တင်းလင်းများ စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် လူမှုစီးပွား နစ်နာဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသော မြောင်းပြိုကျေးရွာမှ ရွာသူရွာသားများ သတင်းစာရှင်းလင်းပွဲတစ်ရပ်
ယနေ့  ထားဝယ်မြို့ DDA ရုံးခန်းတွင်ပြုလုပ်သည်။



၂၀၁၂ ဇွန်လကုန် ဇူလိုင်လဆန်း မှစပြီး ရင်ဆိုင်ကြုံတွေ့ခံစားနေရတဲ့ လူမှုစီးပွားနစ်နာဆုံးရှုံးခဲ့ရမှုများကို အခုအချိန်ထိတိုင် ကုမ္ပဏီဘက်ကရော၊ နိုင်ငံတော်အစိုးရ၏ တာဝန်ရှိများကပါ ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်ပေးခြင်း လုံးဝမရှိသေးသည့်အတွက် ၂၀၁၄၊ မတ်လ ၁၆ ရက်နေ့ တနင်္ဂနွေနေ့ နံနက် ၉း၀၀နာရီအချိန်တွင် ထားဝယ်မြို့ DDA ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ကျေးရွာသူ/သားများမှ ကြေညာချက်တစ်စောင်ထုတ်ပြီး၊
ကုမ္ပဏီနှင့် သန့်ရှင်းသောအစိုးရ ကောင်းမွန်သောအစိုးရ၏ တာဝန်ရှိသူများကို ရွာသူ/သား ၁၀ ဦးမှ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
 
ဝန်ကြီးလာစဉ်ကတော့ ပြောသွားပါတယ် '' ခင်ဗျားတို့တရားစွဲချင်ရင် စွဲပါ။ ဟိုကတော့ သူဌေး ဆိုတော့ တရားရုံးမှာ သွားထိုင်နေရုံပဲ။ ခင်ဗျားတို့က တရားရုံးကို ဘယ်နှခေါက်တက်နိုင်မှာမို့လဲ။ အခုဆုံးဖြတ်ပေးတာ မကျေနပ်ရင် တရားစွဲ " ဆိုလို့ ကျွန်မတို့ကတော့ ကျွန်မတို့ဒေသခံများရဲ့ လူမှုစီးပွားဆုံးရှုံးနစ်နာခဲ့ရမှုများအတွက် တာဝန်ရှိသူများက တာဝန်ယူဖြေရှင်းပေးမှုမရှိလို့ တရားစွဲမှာပါ။ မြို့နယ်မှ လက်မခံရင် ခရိုင်၊ ခရိုင်မှ လက်မခံရင် တိုင်း၊ တိုင်းမှလက်မခံရင်၊ ပြည်ထောင်စုလွှတ်တော်၊ နောက်ဆုံးမရကောင်းဆုံး နိုင်ငံတကာတရားရုံးများအထိ တရားစွဲဆိုသွားမည်ဖြစ်ကြောင်းနှင့် MPC ကုမ္ပဏီကြောင့် များမကြာမီရက်ပိုင်းအတွင်း ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဒေသခံအဒေါ်ကြီးတစ်ဦးမှ ပြောပါသည်။
ထားဝယ်မြို့ရှိ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ထားဝယ်တိုင်းရင်းသားများပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် DDA, CSLD, DLG စသည့်ဖြင့် CSO များ၊ Media များ တက်ရောက်ကြပြီး ၄င်းဒေသခံများအား ၀ိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
သတင်းနှင့်ဓာတ်ပုံ - ရာဇာစိုး
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template