Headlines News :
Home » » ဖယ်ရှားခံရသော သမီးကလေးရွာ အပါအဝင် ရွာလေးရွာမှ ကလေးငယ် ၁၅ ဦး ဝမ်းရောဂါဖြစ်

ဖယ်ရှားခံရသော သမီးကလေးရွာ အပါအဝင် ရွာလေးရွာမှ ကလေးငယ် ၁၅ ဦး ဝမ်းရောဂါဖြစ်

Written By လွင့်မောင်မောင် on Monday, March 17, 2014 | 3:41 PM


လှည်းကူး၊ မတ် ၁၆

လှည်းကူးမြို့နယ်ရှိ သမီးကလေး ကျေးရွာနှင့်အတူ ဖယ်ရှားခံရသော ကျေးရွာ လေးရွာမှ နေထိုင်သူများ အနက် ကလေးငယ် ၁၅ ဦးမှာ ဝမ်းရောဂါများ ဖြစ်ပွားလျက် ရှိကြောင်း အင်းမတီး ကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာက The Voice သို့ မိန့်ကြားသည်။

အဆိုပါ သမီးကလေး ကျေးရွာမှ ၁၂ နှစ်အောက် ကလေး လေးဦး၊ အင်းမတီး ကျေးရွာမှ ၁၀ နှစ်အောက် ကလေး သုံးဦး၊ လက်ကျိုက်ကျေးရွာမှ ၁၅ နှစ်အောက် ကလေးငယ် ငါးဦး ဒေါ်ကာလီ ကျေးရွာတွင် ၁၀ နှစ်အောက် ကလေးငယ် သုံးဦးတို့မှာ ဝမ်းပျက်ရောဂါများ မတ်လ ၁၄ ရက်နေ့ကမှ စ၍ ဖြစ်ပွားလျက် ရှိကြောင်း အဆိုပါ ပြောင်းရွှေ့ခံ ရွာသူရွာသားများ ထံမှ စုံစမ်း သိရှိရသည်။

“ဒီမှာ သောက်ရေ အခက်အခဲ ရှိတယ်။ ကိုယ်တိုင် တူးထားတဲ့ လက်လုပ်တွင်းထဲက ရေတွေက ရွှံ့ရောင် ထနေတဲ့ ရေတွေ ချိုးရ၊ သောက်ရတာကြောင့် လူကြီးက မသိသာပေမယ့် ကလေးတွေ အထိနာတာပေါ့။ ရှိတဲ့ ဆေးမြီးတိုတွေ၊ ဝမ်းပိတ်ဆေးတွေပဲ တိုက်ထားရတယ်” ဟု ဝမ်းရောဂါ ဖြစ်ပွားနေသော အသက် ၁၂ အရွယ် ကလေးငယ်၏ မိခင် ဒေါ်တင်ရီက ပြောကြားသည်။

ဖယ်ရှားခံရသူများ နေထိုင်သော နေရာများတွင် သောက်သုံးရေ ရရှိရန် လက်လုပ်တွင်းများ တူးဖော် သုံးစွဲနေကြပြီး ရေများမှာ ရွှံ့ရောင် ထနေသော်လည်း သောက်သုံးရေ အဖြစ် အဓိက အသုံးပြု နေရကြောင်း၊ လတ်တလောတွင် ဝမ်းရောဂါ ဖြစ်ပွားနေသော ကလေးငယ်များကို လာရောက် လှူဒါန်းထားသော ဆေးဝါးများဖြင့်သာ တိုက်ကျွေးထားရကြောင်း ဒေါ်ကာလီကျေးရွာ နေထိုင်သူ ဦးသောင်းဟန်က ပြောကြားသည်။

“ဝမ်းရောဂါ အကူးမြန်တယ်လို့ သိထားတော့ သောက်ရေ အခက်အခဲရယ်၊ ထိရောက်တဲ့ ဆေးကုသမှု မခံရတာရယ်၊ ယင်လုံအိမ်သာ မရှိတာရယ်ကြောင့် ဘာလုပ်လို့ ဘာကိုင်ရမလဲတော့ မသိကြဘူး။ အားလုံးလည်း ကျန်းမာရေးအတွက် စိုးရိမ် နေကြရတယ်” ဟု ၎င်းက ရှင်းပြသည်။

တပ်မြေအတွင်း ကျူးကျော် နေထိုင်သည်ဟု သတ်မှတ် ခံထားရသော သမီးကလေးကျေးရွာ၊ အင်းမတီး၊ ဒေါ်ကာလီ၊ လက်ကျိုက် အပါအဝင် ရွာပေါင်း ခြောက်ရွာမှ လူဦးရေ ၁၀၀၀ ကျော်ကို ဖေဖော်ဝါရီလ ၄ ရက်နှင့် ၅ ရက်နေ့က သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှားသဖြင့် အဆိုပါ ဖယ်ရှား ခံရသူများမှာ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံ နေထိုင်လျက် ရှိကြောင်း၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အင်းမတီး ကျေးရွာနေသူ ၁၀၀ ကျော် ခိုလှုံနေထိုင်သော အင်းမတီးကျေးရွာ ကမ္မဋ္ဌန်း ကျောင်းတိုက်ကို ဖယ်ရှားခဲ့ကြောင်း အဆိုပါ ဒေသခံများထံမှ သိရှိရသည်။

မတ်လ ဒုတိယပတ်တွင်းက ပြောင်းရွှေ့ ခံထားရသော လက်ကျိုက် ကျေးရွာမှ လူ ၁၀၀ ကျော် ခိုလှုံနေသည့် လက်ကျိုက်ကျေးရွာ လက်ကျိုက်ကုန်း ရတနာသိဒ္ဓိ ဘုန်းကြီးကျောင်းကို သက်ဆိုင်ရာက ဖယ်ရှား ရှင်းလင်းမည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။

အလိုင်နီကျေးရွာ၊ အောင်သိဒ္ဓိ ဘုန်းတော်ကြီး ပညာသင်ကျောင်း အနီးတွင် တစ်လကျော်ကြာ နေထိုင်လျက် ရှိသော သမီးကလေး ကျေးရွာနေသူ အိမ်ထောင်စုပေါင်း ၁၅၇ စု၊ လူဦးရေ ၅၀၀ ကျော် နေထိုင်သည့် ယာယီတဲများကို ပဲခူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အမိန့်စာများ အကြိမ်ကြိမ် ထုတ်ပြန်၍ အကြိမ်ကြိမ် ဖယ်ရှားစေခဲ့ရာ မတ်လ ၉ ရက်နေ့ နံနက် ၉ နာရီတွင် ယာယီတဲများ အပြီးသတ် ဖယ်ရှားခဲ့ကြောင်း အောင်သိဒ္ဓိကျောင်းတိုင် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template