Headlines News :
Home » » တရုတ်(တိုင်ပေ) လွှတ်တော်ကို ဆန္ဒပြသမားများသိမ်းပိုက်

တရုတ်(တိုင်ပေ) လွှတ်တော်ကို ဆန္ဒပြသမားများသိမ်းပိုက်

Written By လွင့်မောင်မောင် on Thursday, March 20, 2014 | 9:38 PM

 
တိုင်ပေ၊ မတ်-၁၉

တရုတ်ပြည်မကြီးနှင့် ချုပ်ဆိုမည့် ကုန်သွယ်ရေး သဘောတူညီချက် စာချုပ်ကို အစိုးရအဖွဲ့က အတည်မပြုနိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် တရုတ် (တိုင်ပေ) ကျောင်းသားများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၂၀၀ နီးပါးတို့က တရုတ်(တိုင်ပေ) ပါလီမန် လွှတ်တော်တွင်းသို့ မတ် ၁၉ ရက်တွင် ၀င်ရောက် သောင်းကျန်းခဲ့ကြရာ ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် ရင်ဆိုင်မှု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြသမားများသည် လွှတ်တော်လုံခြုံရေး အတားအဆီးများကို မမျှော်လင့်သည့်အချိန်တွင် ချိုးဖျက်ဝင်ရောက်၍ လွှတ်တော်ပင်မခန်းမ ဆောင်ကြီးအား သိမ်းပိုက်ခဲ့ရာ တရုတ် (တိုင်ပေ)ကျွန်း သက်တမ်းတစ်
လျှောက် ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်အဆောက်အအုံ သိမ်းယူ ခံခဲ့ရ ခြင်း ဖြစ်သည်။

ကျောင်းသားလူငယ်အများစု ပါဝင်သော ဆန္ဒပြသမားများသည် လွှတ်တော် အဆောက်အအုံဝင်ပေါက်ကို ပိတ်ဆို့ထားကြရာ လွှတ်တော် သိမ်းယူခံရမှုကို အဆုံးသတ်ရန် ကြိုးပမ်းနေသော ရဲတပ်ဖွဲ့ဝင်များနှင့်
ပဋိပက္ခ ဖြစ်ပွားခဲ့ရသည်။

တရုတ်နိုင်ငံနှင့် ချုပ်ဆိုမည့် ကုန်သွယ်ရေးစာချုပ်ကို လက်ရှိ အာဏာရ ကူမင်တန်ပါတီက အတည်ပြုရန် ကြိုးပမ်းမှုမှာ တရားမ၀င်ကြောင်း ဆန္ဒပြသမားများက စွပ်စွဲထားပြီး စာချုပ်ပါ ပြဋ္ဌာန်းချက် တစ်ပိုဒ် ချင်းစီကို ပြန်လည်သုံးသပ်ရန် တရုတ် (တိုင်ပေ) အစိုးရအဖွဲ့အား တောင်းဆိုခဲ့သည်။

အဆိုပါ ကုန်သွယ်ရေးစာချုပ်ကြောင့် တရုတ် (တိုင်ပေ) စီးပွားရေး လုပ်ငန်းငယ်များ နစ်နာမှုရှိလာနိုင်ပြီး စီးပွားရေးကိုလည်း ထိခိုက်လာ မည့်အရေး အစိုးရ အတိုက်အခံများက စိုးရိမ်လျက်ရှိသည်။

ပြည်မကြီး၌ ကွန်မြူနစ်ပါတီ အာဏာရရှိပြီးနောက်ပိုင်း (၆၅) နှစ်ကြာမျှ သီးခြားစီ ရပ်တည်ခဲ့ကြသော တရုတ်နိုင်ငံနှင့် တရုတ် (တိုင်ပေ) ကျွန်းတို့သည် ၂၀၀၈ ခုနှစ် နောက်ပိုင်း နှစ်ဖက်ဆက်ဆံရေးကို သိသိသာသာ တိုးမြှင့်လာခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template