Headlines News :
Home » » ‘၀’ ပြည်သွေးစည်းညီညွတ်ရေးပါတီ၏ နိုင်ငံရေးဗျူရိုတွင် တရုတ်နိုင်ငံသားတစ်ဦးအား အဆင့်မြင့်ရာထူး ခန့်အပ်ထားဟုဆို

‘၀’ ပြည်သွေးစည်းညီညွတ်ရေးပါတီ၏ နိုင်ငံရေးဗျူရိုတွင် တရုတ်နိုင်ငံသားတစ်ဦးအား အဆင့်မြင့်ရာထူး ခန့်အပ်ထားဟုဆို

Written By လွင့်မောင်မောင် on Tuesday, March 18, 2014 | 2:59 PM

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီလက်အောက်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)မှ တပ်သားအချို့ စစ်ရေးပြအခမ်းအနားတွင်တွေ့ရစဉ် UNITED WA STATE ARMY
 ‘၀’ ပြည်သွေးစည်းညီညွှတ်ရေးပါတီ(UWSP/UWSA)၏ နိုင်ငံရေးဗျူရိုတွင် တရုတ်လူမျိုးတစ်ဦးအား အဆင့်မြင့်ရာထူး တာဝန်ပေးအပ်ကာ ခန့်အပ်ထားကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလ်လင့်တနာကပြောသည်။

မတ်လ ၁၇ရက်က ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဖြစ်စဉ်၊ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားတို့၏ အခန်းကဏ္ဍ ဟောပြောပွဲတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
            ‘‘တိုင်းရင်းသားအုပ်စုတွေနဲ့ အပစ်အခတ်ရပ်စဲရေးကို ပြောနေပေမယ့် တရုတ်နိုင်ငံကြီးတစ်ခုလုံးဟာ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တော်တော်လေးအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်တယ်ဆိုတာ သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုက ‘၀’တပ်မတော်ရဲ့ နိုင်ငံရေးဘက်ခြမ်းမှာဆို နောက်ဆုံးကြားရတဲ့ သတင်းအရ ယူနီယံ Level နှစ်ဦးကို ပေါ်လစ်ဗျူရိုထဲမှာထည့်ပြီး ခန့်လိုက်ပါတယ်။

တစ်ယောက်က တရုတ်ပြည်ဘက်မှာနေတဲ့ ‘၀’ လူမျိုး၊ နောက်တစ်ယောက်ကတော့ တရုတ်လူမျိုး ဖြစ်ပါတယ်’’ဟု ဘာတေးလ်လင့်တနာက ပြောကြားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ UWSA သို့ မတ်လ ၁၇ ရက် ညက ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။
         
ထို့အပြင် တရုတ်နိုင်ငံ၏ ထောက်ပံ့မှုများယူထားပြီး တရုတ်ပြည်သူ့တပ်မတော်၏ အစိတ်အပိုင်းတစ်ခုသဖွယ်ဖြစ်နေသာ ‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) မြန်မာနိုင်ငံအတွင်း ရှိနေသည်ဆိုသည့် အနေအထားကို ထည့်သွင်းစဉ်းစားရန် များစွာလိုအပ်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူက ဆက်လက်ပြောကြားသည်။
         
‘‘ ၀ ပြဿနာက မြင်သာထင်သာမရှိဘူး။ အလွယ်တကူ ပူးသတ်နိုင်တယ်။ နောက်တစ်ခုက ယူကရိန်းခရိုင်းမီးယား ပြဿနာက လတ်တလော အလွန်ထပ်တူကျတဲ့ သင်ခန်းစာဖြစ်နေတယ်’’
ဟု နိုင်ငံရေးဆောင်းပါးရှင် ကိုထင်လင်းဦးကသုံးသပ်သည်။
         
ထို့အပြင် ဘာတေးလ်လင့်တနာက မြန်မာနိုင်ငံတွင် အနောက်ဘက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ပြဿနာနှင့် ‘၀’ဒေသပြဿနာနှစ်ခုမှာ စိုးရိမ်စရာကောင်းသည့်အခြေအနေဖြစ်နေကြောင်း သုံးသပ်ပြောဆိုသည်။
         
UWSA သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် အင်အားအကြီးဆုံးဖြစ်ပြီး အင်အားသုံးသောင်းကျော်ရှိသည်။ UWSA သည် ၂၀၁၁ခုနှစ် စက်တင်ဘာ ၆ ရက်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။

Author: အောင်သူရ / အောင်ခိုင်
7DAY DAILY
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template