Headlines News :
Home » » မလေးရှားလေယာဉ်ပျောက် ပဟေဠိ အဖြေရှာပုံတော်

မလေးရှားလေယာဉ်ပျောက် ပဟေဠိ အဖြေရှာပုံတော်

Written By လွင့်မောင်မောင် on Sunday, March 16, 2014 | 6:13 PM

MH 370 လေယာဉ်နဲ့ပတ်သက်တဲ့ မလေးရှား ဝန်ကြီးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ တဆက်တည်း 
လေယာဉ်မှူးတဦးရဲ့ နေအိမ်ကို  ရဲတွေက မနေ့က သွားရောက်ခဲ့ပြီး စုံစမ်းမှုတွေ လုပ်ခဲ့ပြီး ကွန်ပျူတာ ၂ လုံးကိုလည်း သိမ်းဆီးခဲ့ပါတယ်။ 


 ပျောက်ဆုံး MH 379 လေယာဉ်၊ ဓာတ်ပုံ- ၀ီကီပီဒီးယား

သူတို့ဟာ ဥပဒေမဲ့ တခုမှ လုပ်နေတာမဟုတ်ဘူးလို့ပဲ ရဲအရာရှိတဦးက အဲဒီလေယာဉ်မှူးအိမ်ကို ရှာဖွေမှုနဲ့ပတ်သက်ပြီး ပြောသွားတာကို ရိုက်တာ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ 

လေကြောင်းလုံခြုံရေးကိုလေ့လာနေတဲ့ တရုတ်ပညာရှင်တဦးကတော့ လေယာဉ်ကို စနစ်တကျ ထိန်းချုပ် ပျံသန်းသွား တာ ကို ထောက်ရှုပြီး လေယာဉ်မှူးတဦးဦးက ပါဝင်ပတ်သက်မှုအများဆုံးဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပြီး လေယာဉ် အမှု ထမ်း တဦးဦးလည်း ပါဝင်နိုင်တယ်လို့ နယူးယောက်တိုင်းမ် သတင်းတပုဒ် မှာ ပြောထားတယ်။ 

မလေးရှားအာဏာပိုင်တွေလည်း အဲဒီလို ယူဆလို လေယာဉ်မှူးကြီးရဲ့ အိမ်ကို ရဲတွေ သွားခဲ့တာဖြစ်နိုင်ပါ တယ်။ 

နောက်ပြီး လေယာဉ်မှူးကြီးနဲ့ပတ်သက်တဲ့တချို့သတင်းတွေမှာ သူဟာ မလေးရှား အတိုက်အခံ အန်ဝါအီဗရာဟင်ကို ထောက်ခံသူ ဖြစ်တယ်လို့လည်း ဒေသသတင်းစာတွေက ဆိုပါတယ်။ 

ဟိုရက်ပိုင်းကပဲ အန်ဝါအီဗရာဟင်ကို ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တဲ့အပေါ် လေယာဉ်မှူးကြီးက အတော်ပဲ စိတ်ပျက်ခဲ့ တယ်ဆိုတာကို သူ့လုပ်ဖော်ကိုင်ဖက်တဦးကို ကိုးကားပြီး ရာဟူးသတင်းမှာ ဖော်ပြ ထား ပါတယ်။ 

လေယာဉ်မှူးရဲ့ အိမ်ကို ရဲတွေ သွားတဲ့ကိစ္စဟာ MH 370 လေယာဉ်ဟာ ကာလာလမ်ပူကနေ ပီကင်းကို သွားတဲ့ လမ်း ကြောင်းကနေ စနစ်တကျ ရည်ရွယ်ချက် ရှိရှိ ဆက်သွယ်ရေး ခလုပ်တွေကို ပိတ်ပြီး လမ်းကြောင်းပြောင်းကာ အဆက်အသွယ် ပြတ်ပြီးသွားချိန်က စပြီး ဘယ်ကိုမှန်းမသိရတဲ့ နေရာတခုဆီ အနည်းဆုံး ၇ နာရီ ကြာ ဆက်လက် ပျံသန်းသွားခဲ့ တယ်လို့ မလေးရှား ဝန်ကြီးချုပ်က စနေနေ့ နေ့လယ် ပိုင်း က သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာကြောင့် ဖြစ်နိုင်ပါတယ်။ 

လေယာဉ်ဟာ ပြန်ပေးဆွဲခံရတယ်လို့ တိုက်ရိုက်သုံးနှုန်းပြောဆိုမှု မလုပ်ခဲ့ပေမယ့်သူ့စကားတွေက အဲဒီလို ရည်ညွှန်းနေပါတယ်။ 

လေယာဉ်ပျက်ကျတာထက်စာရင် လေယာဉ် ပြန်ပေးဆွဲခံရတယ်ဆိုတာက ပါသွားတဲ့ခရီးသည်တွေ အတွက် မျှော်လင့်ချက် အားကောင်းလာစေတာဖြစ်ပြီး အရေးအကြီးဆုံးနဲ့ အများက အသိချင်ဆုံး က
တော့ လေယာဉ်ဟာ ဘယ်မှာရောက်နေလဲ ဆိုတာပါဘဲ။ 

လေယာဉ်နဲ့ပတ်သက်ပြီး အမေရိကန် စုံစမ်းရေးသမားတွေကတော့ အိန္ဒိယသမုဒ္ဒရာထဲက တနေရာရာမှာ ရှိနေမယ်လို့ ယုံကြည်ထားပုံရတယ်။ 

လေယာဉ်ပျောက်ကို ရှာနေဆဲမှာ အခုဆိုရင် အမေရိကန်က FBI ၊ CIA ၊ အင်တာပိုလ် အစရှိတဲ့ နာမည်ကြီး အဖွဲ့အစည်းတွေ ပါသလို နာဆာလိုအဖွဲ့ကြီးတွေလည်း ပါဝင်လာတာမို့ လေယာဉ် ဘယ်နေရာ မှာ ရောက်နေတယ်ဆိုတာ ခြေရာခံနိုင် နေလောက် ပြီဖြစ်ပြီး လေယာဉ်ပေါ်က ခရီးသည်တွေ ကယ်ဆယ်
ရေး အတွက် ပြင်ဆင်မှု တခုခု လုပ်နေပုံလည်း ရပါတယ်။ 

ရာဟူးသတင်းတပုဒ်မှာတော့ သီရိလင်္ကာနားက အမည်မသိကျွန်းတကျွန်းမှာ လေယာဉ်ဟာ ဆင်းသက်ခဲ့ပြီး ခရီးသည် အားလုံးဟာ ဘေးကင်းတဲ့အကြောင်း၊ သူတို့တွေ အတွက် လေယာဉ်အပိုင်စီးသူတွေက စားသောက် စရာတွေကို စီစဉ်ပေးနေတယ် ဆိုတဲ့ ယူဆချက် သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ 

ဒါပေမယ့် အတည်ပြုချက်နဲ့တကွ ကျယ်ကျယ်ပြန့်ပြန့်တော့ မထွက် ပေါ်လာသေးပါဘူး။ 
ဧရာဝတီBlog
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template