Headlines News :
Home » » တောင်ငူမြို့၊ မိုင်တိုင် ၁၆၅/ ၇ နှင့်၈ ကြားတွင် မီးရထားနှစ်စင်း မျက်နှာချင်းဆိုင် တိုက်မိ

တောင်ငူမြို့၊ မိုင်တိုင် ၁၆၅/ ၇ နှင့်၈ ကြားတွင် မီးရထားနှစ်စင်း မျက်နှာချင်းဆိုင် တိုက်မိ

Written By Live100 on Wednesday, August 12, 2015 | 10:38 PM



 တောင်ငူ ၊ သြဂုတ် ၁၂

 တောင်ငူမြို့တွင် သြဂုတ်လ ၁၂ရက် နံနက် ၁၀ နာရီ ၁၃ မိနစ် အချိန်က မီးရထား ကြေးနန်း မိုင်တိုင်အမှတ် ၁၆၅/ ၇ နှင့် ၈ အကြားတွင် မီးရထားစက်ခေါင်းအမှတ် ၁၀၄ RGC မီးရထားနှင့် ကြည့်မြင်တိုင် ဘူတာမှ သာစည်ဘူတာသို့ သွားသော ရထားအမှတ် ၉၉၃ စက်ခေါင်းအမှတ် DF 1232 ကုန်တင်ရထားတို့ မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ မီးရထား စက်ခေါင်းအမှတ် ၁၀၄ RGC မောင်း ဦးဝင်းနိုင်သည် မီးရထား စင်္ကြန် နံပါတ်( ၁) ပလက်ဖောင်း (၁) လမ်းသို့ မကြာမီရောက်ရှိမည့် နေပြည်တော်- ရန်ကုန် (၃၂) အဆန် မီးရထားအား ရှောင်ရန် နံပါတ်(၁) လမ်းမှ နံပါတ် (၃) လမ်းသို့ ကူးပြောင်းနေစဉ် ကြည့်မြင်တိုင် ဘူတာမှ သာစည် ဘူတာသို့ သွားရန် ဦးထွန်းဝင်းနိုင်မောင်းသော မီးရထားအမှတ် ၉၉၃ စက်ခေါင်းအမှတ် DF 1232 ကုန်တင်မီးရထားနှင့် မျက်နှာချင်းဆိုင်ထိပ်တိုက် တိုက်မိမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်မိမှုကြောင့် ရန်ကုန်- မန္တလေး အဆန် လမ်းကို (၁၀: ၁၅) နာရီ တွင်ပိတ်ခဲ့ပြီး အစုန်လမ်းကို (၁၀:၁၆) နာရီ တွင် ပိတ်ခဲ့သည်။ ထို့နောက် စက်ခေါင်း အမှတ် ၁၀၄ RGC ကို ကရိုန်းဖြင့် မရွှေ့ခဲ့ပြီး အစုန်လမ်းကို (၁၂: ၁၁) နာရီတွင် ပြန်လည် ဖွင့်ပေးခဲ့ပြီး အဆန်လမ်းကို (၁၂: ၄၆) တွင် ပြန်လည် ဖွင့်ပေးခဲ့သည်။ ယင်း ဖြစ်ပွားမှုကြောင့် စက်ခေါင်းအမှတ် ၁၀၄ RGC ၏ ယာဘက်တံခါးဘေးတွင် အနည်းငယ်ချိုင့်ဝင် သွားခဲ့ခြင်းမှလွဲ၍ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template