Headlines News :
Home » » ပုလင်းကွဲနှင့်ထောက်၍ ငွေနှင့်ပစ္စည်းလုယက်မှု

ပုလင်းကွဲနှင့်ထောက်၍ ငွေနှင့်ပစ္စည်းလုယက်မှု

Written By Live100 on Wednesday, August 12, 2015 | 8:10 PM

 အငှားယာဉ်မောင်းကို ပုလင်းကွဲနှင့်ထောက်၍ ငွေနှင့်ပစ္စည်း လုယူသူများအား ဖမ်းဆီး အရေးယူထား
 နေပြည်တော်၊ ဩဂုတ် ၁၁

 ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မှုခင်းများကျူးလွန်တတ်ကြောင်း သတင်းအရ သက်သေများနှင့်အတူ စက်မှုဇုန်(၁)၊ ယောက်ကော်ဘုရားလမ်းတွင် ကင်းပုန်းဝပ် စောင့်ဆိုင်းနေစဉ် နံနက် ၃ နာရီခွဲအချိန်ခန့်၌ အဆိုပါလမ်းအတွင်းသို့ မောင်းနှင်လာသည့် AA/×××× CALDINA အငှားယာဉ်တစ်စီးမှာ မသင်္ကာဖွယ်ရပ်တန့်နေသဖြင့် စောင့်ကြည့်ခဲ့ရာ ယာဉ်နောက်ခန်းတွင်ထိုင်နေသူ(၂)ဦးအနက် တစ်ဦးမှ ယာဉ်မောင်း၏လည်ပင်းအား ပုလင်းကွဲနှင့် ထောက်ချိန်ရွယ်၍ ဆံပင်အားဆွဲပြီး ဖုန်းနှင့်ငွေများတောင်းကာ ယာဉ်ပေါ်မှ ဆင်းလာသည်ကို တွေ့ရှိရ၍ ဝိုင်းဝန်းဖမ်းဆီးစစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ယာဉ်မောင်းမှာ သင်္ဃန်းကျွန်း မြို့နယ်၊ စီမံကိန်း(၂)ရပ်ကွက်နေ အောင်ကိုကို(၂၆)နှစ်ဖြစ်ပြီး ဖုန်းနှင့်ငွေများကို လုယူသူများမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ အေးကို(၂၃)နှစ်နှင့် ကွမ်းခြံကုန်းမြို့နယ်၊ ကျခတ်ကုန်းသီးရွာနေ ရဲမင်းထွန်း(၃၂)နှစ်တို့ဖြစ်ကြောင်း၊ အောင်ကိုကို မောင်းနှင်သည့်ယာဉ်အား မင်္ဂလာတောင်ညွန့် မြို့နယ်၊ စက်ရုံလမ်းမီးပွိုင့်အနီးမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပင်လုံတံတားသို့ ငှားရမ်းခဲ့ကြောင်း၊ လမ်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ဘက်သို့ ယာဉ်အား မောင်းနှင်ခိုင်းပြီး အခင်းဖြစ်နေရာ အရောက် ယာဉ်ကိုရပ်ခိုင်းကာ အောင်ကိုကိုထံမှ ငွေကျပ်(၈,၃၀ဝိ/-)နှင့် ၀၉××××××× နံပါတ်ပါ TSD အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးတို့အား လုယူခဲ့ကြောင်း သိရှိရသဖြင့် အေးကိုနှင့် ရဲမင်းထွန်းတို့အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း(ပ)၈၆၉/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template